နောင်ချိုမှာ တောင်သူ ၈ ဦးကို ထောင်ဒဏ်ချမှတ်


တောင်သူတွေကို နောင်ချိုမြို့နယ် တရားရုံးကနေ မေလ ၁၁ ရက်နေ့က အမိန့်ချမှတ်ပြီးနောက် ခေါ်ဆောင်လာစဉ် Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နယ် ဘန့်ဘွေးကျေးရွာအုပ်စု ကုန်းမုံကျေးရွာအတွင်း မြေယာအငြင်းပွား မှုပြဿနာကြောင့် အမှုရင်ဆိုင်နေရတဲ့ တောင်သူ ၁၂ ဦးထဲက ၈ ဦးကို နောင်ချိုမြို့ နယ် တရားရုံးက ပုဒ်မ ၄၄၇ အရ ထောင်ဒဏ်တစ်လနဲ့ ပုဒ်မ၄၂၇အရ ထောင်ဒဏ်သုံးလ တပေါင်းတည်း ကျခံစေဖို့ ဒီကနေ့ အမိန့်ချမှတ်လိုက်ပါ တယ်။

တောင်သူ ၁၂ ဦးက ၈ ဦးကို အမိန့်ချမှတ်ခဲ့ပြီး ၄ ဦးကို တရားသေလွှတ်ပေးခဲ့တယ်လို့ အမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး တောင်သူတွေရဲ့ ရှေ့နေ ဦးတင်ဝင်းရွှေ က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ လုပ်ငန်းရှင်ဖြစ်တဲ့ ဦးစိုးသိန်းက သူပိုင်တဲ့ခြံကွက်အတွင်းက ခြံစည်းရိုးတိုင်တွေ ကို ကုန်းမုံကျေးရွာတောင်သူ ၁၂ဦးက ဖျက်စီးလို့ဆိုပြီး နောင်ချိုမြို့  နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ကုံးမုံကျေးရွာက တောင်သူတွေ မူလဓါးမဦးချလုပ်ကိုင်ခဲ့တဲ့မြေ ၂၄၂ ဧကကို ၁၉၉၂ခုနှစ်တုန်းက စစ်အစိုးရ လက်ထက်မှာ ကော်ဖီစီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ချထားပေးခဲ့တာဖြစ်ပြီး လုပ်ငန်းရှင်တွေဘက်က သတ်မှတ်ဧက အတိုင်း စိုက်ပျိုးတာမရှိတဲ့အပြင် မြေကွက်တွေကို ကွက်စိတ်ရိုက်ခဲ့တဲ့အတွက် တောင်သူတွေက ဝင်ရောက် လုပ်ကိုင်ရာကနေ တရားစွဲခံရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.