ပြည်မြို့လယ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်တွင် ဓားထောက် အနုကြမ်းစီး လုယက်ခံရမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့လယ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်တွင် မေလ(၁၁)ရက်၊ ည (၈း၄၀)နာရီအချိန်ခန့်တွင် လည်ပင်းဓါးထောက်အနုကြမ်းစီး လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ အမှတ်(၁)ရဲစခန်းမှ သိရှိရသည်။

 ပြည်မြို့ ၊ ရွှေကူရပ်ကွက်၊ တရုတ်တန်းလမ်းရှိ ဒေါင်းမင်းအင်တာနက်ဆိုင်ကို ပြည်မြို့နာမည်ရှိ လူမိုက် ဝက်က လေးနှင့် အတူပါလာသူတစ်ဦး စုစုပေါင်းနှစ်ဦးတို့မှ ဆိုင်အတွင်းသို့ ဝင်၍ ဓားထောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း လုယက်ခံရသူများထံမှ သိရသည်။
“ကျွန်တော်က ဒီဆိုင်မှာ စာရေးလုပ်တာ။ ဆော့ဝဲထည့်နေတုန်း သူတို့နှစ်ယောက်ဆိုင်ထဲဝင်လာပြီး ကျွန်တော် လည်ပင်းကို ဓါးမြောင်နဲ့ထောက်တဲ့ အချိန်ထိ ကျွန်တော်က စနေတယ်မှတ်တာ ပိုက်ဆံတွေယူတော့မှ လုမှန်း သိတာ။ လူချင်းကလည်း မျက်မှန်းတန်းမိတော့ သူ့ကိုတော့ ကျွန်တော်က ဝက်ကလေးလို့ပဲ သိတယ်။ laptop တွေ၊ ငွေတွေ၊ ဖုန်းတွေယူပြီး ပြန်အထွက်မှာ အလုပ်ရှင်က ဆိုင်ထဲဝင်လာတော့ သူ့ကိုပါ ဓါးထောက်ပြီး သူ့ဆီမှာပါ လာတဲ့ ငွေတွေထပ်ယူသွားတယ်။”ဟု ဒေါင်းမင်း အင်တာနက်ဆိုင်မှ စာရေး ကိုစွမ်းထက်လင်းက ပြောသည်။

ထိုသို့လုယက်ခံရမှုကြောင့် ကွန်ပျူတာ (၁)လုံး၊ ဖုန်း(၂)လုံး၊ ကောင်တာအံဆွဲထဲမှ ငွေစက္ကူ၊ အလုပ်ရှင် ထံမှ လုယူငွေ တန်းဖိုး ကျပ်သိန်း ၃၀ ကျော်ဖိုး လုယက်ခံလိုက်ရပြီး စာရေး ကိုစွမ်းထက်လင်းမှာ ခေါင်းတွင် အနည်းငယ်ဖူးယောင်ဒဏ်ရာ၊ ဓါးဖြင့်ထောက်ခံရသောကြောင့် လည်ပင်းတွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“အခုဟာက မြို့လယ်ကောင်ကြီးမှာဖြစ်သွားတော့ ခဏခဏလည်း မြို့ထဲမှာ ဆိုးသွမ်းလူငယ်တွေအုပ်စုဖွဲ့ပြီး တွေ့သမျှ လူကို ဓါးနဲ့လိုက်ထိုးတာတွေ ခိုက်ရန်ဖြစ်ပွားတာတွေလည်း ဖြစ်လာတော့ ကျွန်တော်တို့ ည (၉)နာရီ (၁၀)နာရီ လောက် နောက်ကျသွားရင် အပြင်မထွက်ရဲတော့ဘူး။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေတွေက ပြည်မြို့မှာ တော်တော်များများဖြစ်လာတယ်။”ဟု ပြည်မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ပြည်မြို့ အမှတ်(၁)ရဲစခန်းမှ (ပ)၆၈၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ(၃၈၆)အရ အမှု ဖွင့်အရေးယူထားပြီး ဝက်ကလေးပါ (၂)ဦးအား အမြန်ဆုံးဖမ်းဆီးရမိရန် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများပြု လုပ်နေကြောင်း ပြည်မြို့အမှတ်(၁)ရဲစခန်းမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.