ရန်ကုန်မြို့တွင်း ယာဉ်လိုင်းများအား စီးတီးဘတ်စ်များဖြင့်သာ ပြေးဆွဲမည်


ရန်ကုန် မေ ၂၁

ရန်ကုန်မြို့တွင်း သီးသန့်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများတွင် မေ ၂၅ ရက်မှစတင်၍ စီးတီးဘတ်စ်များဖြင့်သာ ပြေးဆွဲသွားမည်ဖြစ်ပြီး ယခုလအတွင်း ရောက်ရှိလာသော Foton ယာဉ်များဖြင့် မြို့တွင်း (၅၆) ယာဉ်လိုင်းတွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

မြို့တွင်းသီးသန့်ပြေးဆွဲနေသည့် ယာဉ်လိုင်း သုံးလိုင်းဖြစ်သော YBS (၅၆၊ ၅၇၊ ၅၈) ယာဉ်လိုင်းတို့တွင် မီနီဘတ်စ်များဖြင့် ပြေးဆွဲနေခြင်းကို မေ ၂၄ ရက် နောက်ဆုံးထားကာ အခြားသော YBS ယာဉ်လိုင်းများသို့ ပြောင်းရွှေ့ပြေးဆွဲရန် ယာဉ်လိုင်းများအား ညွှန်ကြားထားပြီးဖြစ်ပြီး စီးတီးဘတ်စ်ယာဉ်များဖြင့်သာ အဆိုပါ ယာဉ်လိုင်းများတွင် ဖြည့်စွက်ပြေးဆွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ကြေးမုံသတင်းစာနှင့် သီးခြားတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

''အခု အသစ်ရောက်လာတဲ့ ပြည်သူ့ရင်ပြင်ထဲက YBS ကားတွေက မေ ၂၅ ရက်ကစပြီး မြို့တွင်း ၅၆ ယာဉ်လိုင်းမှာ စတင်ပြေးဆွဲမှာပါ။ မြို့တွင်းမှာ စီးတီးဘတ်စ်တွေနဲ့ပဲ အစားထိုးပြေးဆွဲသွားမှာပါ။ မီနီဘတ်စ်တွေဟာ ခရီးသည်လည်း သိပ်မဆံ့ဘူး၊ စီးရတာလည်း အဆင်မပြေကြဘူးလို့ သိရတဲ့အတွက် စီးတီးဘတ်စ်တွေနဲ့ ပြေးဆွဲစေတာပါ။ နောက်ပိုင်းမှာ မြို့ထဲလိုင်းတွေကို Brand New ယာဉ်အသစ်တွေနဲ့ပဲ ပြေးဆွဲသွားဖို့ကိုလည်း လျာထားပါတယ်''ဟု ဒေါက်တာ မောင်အောင်က ပြောသည်။

YBS ယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲ ရန်အတွက် ခရီးသည်တင်ယာဉ်အသစ်များကို တရုတ်နိုင်ငံမှ အစိုးရချင်းချိတ်ဆက်မှုစနစ်ဖြင့် အစီး ၁ဝဝဝ ကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ဝယ်ယူထားမှုမှာ မကြာမီရောက်ရှိလာမည်ဖြစ်ပြီး ယာဉ်လိုင်းလိုအပ်ချက်အပေါ်မူတည်၍ ယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲသွားမည်ဟု သိရသည်။ ယင်းအပြင် ပုဂ္ဂလိက ယာဉ်လိုင်းကုမ္ပဏီများက တင်သွင်းလာသည့် ယာဉ်များသည်လည်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲသွားမည်ဖြစ်ရာ Foton စီးတီးဘတ်စ်များကို မြို့တွင်း ယာဉ်လိုင်းတွင် စတင်ထည့်သွင်းပြေးဆွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.