မင်္ဂလာတောင်ညွန့်မှာ ပဋိပက္ခလှုံ့ဆော်သူတွေကို ဖမ်းပြီ


မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်သူတွေထဲ ဦးဆောင်ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားတဲ့ Ko Latt ဆိုတဲ့ Facebook Account သုံးစွဲသူ ကိုလတ်နဲ့ သူ့ရဲ့ဇနီး မအောင်မြင့်တို့ကို ဒီကနေ့ (မေလ ၁၁)ညနေ ၅နာရီခွဲမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ မြေပဒေသာကျွန်းနားမှာ သူတို့လင်မယားစီးနင်းလာတဲ့ကား တံခါးမဖွင့်တာကြောင့် ကားမှန်ကိုခွဲပြီး တိုင်းရဲက ဖမ်းဆီးသွားတာဖြစ်ပါတယ်။

သူတို့ လင်မယား ၂ယောက်ကို ပုဒ်မ ၅ဝ၅(ဂ)နဲ့အမှုဖွင့်ဖမ်းဆီးထားပြီး ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့က ဦးသုစိတ္တနဲ့ သံဃာတော်တစ်ပါး၊ အရပ်သား ၃ယောက်ကိုလည်း ဖမ်းဆီးဖို့လုပ်နေတယ်လို့ တိုင်းလွှတ်တော်အမတ် ဦးလှဌေးက ပြောပါတယ်။
Kamayut Media
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.