စပါးဈေးကိုမြှင့်တင်ဝယ်ယူပေးရန် မြောက်ဦးဒေသခံလယ်သမား များ ဆန္ဒပြတောင်းဆို


 မေ ၉

စပါးဈေးကိုမြှင့်တင်ဝယ်ယူပေးရန် မြောက်ဦးဒေသအတွင်းရှိ လယ်သမား ၂၀၀၀ ကျော်မှ အစိုးရအား တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလယ်သမားများမှာ ဧပြီလ ၈ ရက်နေ့ နေ့လည် ၁ နာရီအချိန်က ရှစ်သောင်းဘုရားကွင်းမှနေ စီတန်းလှည့်လည်ကာ ယင်းသို့တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
" စပါးဈေးတွေက အလွန်နည်းတယ်၊ ဒီလိုဈေးနည်းနဲ့သာရောင်းနေရမယ်ဆိုရင် လယ်သမားတွေ လယ်မဲ့၊ယာမဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မယ်။ အခုလို လယ်သမား တွေရဲ့ဆန္ဒကိုဖော်ထုတ်ပေမယ့် အစိုးရဘက်က ဘာမှထူးခြားမလာဘူးဆိုရင် စိုက်ဘဏ်ချေးငွေကိုလဲ လုံးဝမဆပ်ဘူး၊ ဆက်လက်ပြီးတော့လဲ ဆန္ဒ ဖော် ထုတ်တာ တွေပြုလုပ်သွားမယ်" ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ လယ်သမား ဦးစံထွန်းလှက ပြောသည်။


ယင်းသို့ဆန္ဒဖော်ထုတ်ရာတွင် တောင်သူလယ်သမားများ၏ လိုအပ်ဆန္ဒနှင့်အညီ စပါးဈေးကိုမြှင့်တင် ပေးရေး၊ စပါးဈေးကို လုံးဝမြှင့်တင်မပေးပါက စိုက်ဘဏ်မှချေးငွေများကို လုံးဝလုံးဝပြန်မဆပ်ရေး၊ လယ်သမားများ လယ်မဲ့ယာမဲ့၊ အိုးမဲ့ အိမ်မဲ့မဖြစ်စေရေး၊ ယခုနှစ်တွင် စိုက်ဘဏ်မှကောက်ခံသော ဘဏ်အတိုးနှုန်းများကို လုံးဝမကောက်ခံရေး၊ နိုင်ငံတော်အစိုးရမှ တောင်သူလယ်သမားများကို စာနာထောက်ထားရေး စသည့်အချက်များအား ကြွေးကြော်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ လယ်သမားများသည် အစိုးရအနေဖြင့် သင့်တော်သည့် ဈေးနူန်းဖြင့် စပါးဝယ်ယူပေးရန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

By နေဝင်းစံ ၊
ဓာတ်ပုံ ၊ နောင်ခိုင်အောင်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.