ဒုံးပျံကာကွယ်ရေးစနစ် ဖယ်ဖို့ တရုတ်က တောင်ကိုရီးယားကို ပြော



THAAD ဒုံးပျံကာကွယ်ရေးစနစ် မေလ ၂ရက်နေ့ကစလို့ အလုပ်လုပ်နေပြီလို့ အမေရိကန်က ပြော
တရုတ် သမ္မတ Xi Jinping က တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ ဒုံးပျံကာကွယ်ရေးစနစ် ချထားမှုကို ဖယ်ရှားဖို့ သမ္မတသစ် Moon Jae-in ကို တိုက်တွန်း လိုက်ပါတယ်။

သမ္မတသစ် အဖြစ်မစ္စတာ Moon Jae-in တာဝန်ယူပြီး နောက်တစ်နေ့မှာပဲ မိနစ် ၄၀ ကြာ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့တုန်းက တရုတ် ခေါင်းဆောင်က အခုလို ပြောခဲ့တာပါ။

မြောက်ကိုရီးယားက ပစ်လာနိုင်ဖွယ်ရှိတဲ့ ဒုံးလက်နက်တွေရန်ကို တန်ပြန် ကာကွယ်နိုင်ဖို့ ချထားတဲ့ အဲဒီ ဒုံးပျံ ကာကွယ်ရေး စံနစ်ကို သဘောမတူကြောင်း တရုတ်နိုင်ငံက ပြောခဲ့တာ လ အတော် ကြာခဲ့ပြီဖြစ်ပါတယ်။

အမေရိကန်မှာ သမ္မတအိုဘားမား လက်ထက်ကတည်းက တောင်ကိုရီးယားမှာ ချထားဖို့ သဘောတူထားခဲ့တဲ့ ဒီ ဒုံးပျံကာကွယ်ရေးစနစ်ကို မြောက်ကိုရီးယားနဲ့ တင်းမာလာတဲ့ အခြအနေတွေကြောင့် မူလ သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီး ပြီးခဲ့တဲ့ ဧပြီလကုန် ပိုင်းမှာ တပ်ဆင်ချထားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Moon Jae-in ကလည်း ဒီဒုံးပျံကာကွယ်ရေးစနစ်ချထားလို့ တောင်ကိုရီးယား ကုမ္ပဏီတွေအပေါ် ခွဲခြား ကန့်သတ်အရေးယူမှုတွေ တရုတ်ဘက်က လုပ်နေတာတွေကို တရုတ်သမ္မတကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.