ရိုဟင်ဂျာအရေးအမြန်ဆုံးဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေး နည်းလမ်းရှာ ဆောင်ရွက်ပေးရေး အတွက် တာဝန် ပြီးဆုံးလို့ မြန်မာနိုင်ငံကို ပြန်သွားတော့မယ့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကတဆင့် ၀န်ကြီးချုပ် Sheikh Hasina က တနင်္လာနေ့မှာ မြန်မာအစိုးရကို သတင်းစကား ပါးလိုက်တယ်လို့ ဘင်္ဂလားဒေ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို ဖြေရှင်းနိုင်ရေးအတွက် အတူတကွ နည်းလမ်း ရှာဖွေကြဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တာနဲ့အညီ ဒီပြဿနာကို ဆွေးနွေး ညှိနှိုင်း အဖြေရှာတဲ့နည်းနဲ့ ဖြေရှင်းလိုကြောင်း ၀န်ကြီးချုပ် Sheikh Hasina က ပြောကြားတာကို ကိုးကား ဖော်ပြထားပါတယ်။ ဒါ့အပြင် အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်ရေးအတွက်လည်း ၀န်ကြီးချုပ်က အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူမှုရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားပေးမှုတွေ ဖြစ်ပေါ်စေတယ် ဆိုတာကို မြန်မာသံအမတ်ကို ထပ်လောင်း ပြောကြားခဲ့တယ်လို့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ်ရဲ့ ပြောခွင့်ရ Ihsanul Karim က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့လည်း ရိုဟင်ဂျာ အရေးကိစ္စ ပြေလည်ဖို့ လိုလားကြောင်း၊ ကိုဖီ အာာနန်း ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ရဲ့ အကြံပြု တင်ပြချက်တချို့ဟာ အကောင်အထည်ဖော်ဖို့ ခက်ခဲပေမယ့်လည်း ဒီကိစ္စ ပြေလည်ရေးအတွက် အတတ်နိုင်ဆုံး အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက် လည်ပတ်ဖို့အတွက်လည်း ၀န်ကြီးချုပ် Sheikh Hasina က ထပ်မံ ဖိတ်ကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.