ရဲအင်အားမလုံလောက် လို့ ပြည်သူတွေပါတဲ့ ကင်းလှည့်အဖွဲ့တွေ ဖွဲ့



မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းကင်းလှည့်အဖွဲ့ ဆိုင်ကယ်များကို စစ်ဆေးနေစဉ် Photo; Myintaung Moe Facebook
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်တာကြောင့် မှုခင်းကျဆင်းရေး အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေပါဝင်တဲ့ ကင်းလှည့် စောင့်ကြည့်ရေး အဖွဲ့တွေကို ရပ်ကွက်တိုင်းမှာ ဖွဲ့ စည်းနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက် ၁၄ ခုရှိအနက် ၅ ခုမှာ ကင်းလှည့်အဖွဲ့တွေ ဖွဲ့စည်းပြီး ဖြစ်တယ်လို့ ချမ်းမြ သာစည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ကပြောပါတယ်။

"လတ်တလောကတော့ ကျနော်သိသလောက်တော့ ကျနော်တို့မြို့နယ်ပဲ ရှိဦးမယ်လို့ ထင်တယ်ဗျ။ ကျနော် တို့ မြို့နယ်မှာတောင် ရပ်ကွက်အစုံ မဖွဲ့နိုင်သေးဘူး။ တချို့ရပ်ကွက်လေးတွေ ခုမှဖွဲ့ဖို့ကြိုးစားနေတုန်း ရှိသေးတယ်ဗျ။ မဲဆန္ဒနယ် ၂ ဆိုလို့ရှိရင် တော်တော်များများကတော့ ဖွဲ့ပြီးသွားပြီ။ ၁၄ ရပ်ကွက်မှာ ကျနော်အရှေ့ခြမ်းကဆိုရင် ၄ ရပ်ကွက် ၅ ရပ်ကွက်လောက်ဖွဲ့ပြီးသွားပြီ။"

ချမ်းမြသာစည်မြို့နယ်မှာ ရဲတပ်ဖွဲ့အင်အား ၁၄၀ ခန့်သာရှိပြီး ဒေသခံပြည်သူ ၂၄၀၀၀၀ ခန့်ရှိတာကြောင့် လူ ၁၇၀၀ခန့်ရဲ့ လုံခြုံရေးကို ရဲတစ်ဦးက စောင့်ကြည့် နေရတဲ့ အနေအထားတွေ ဖြစ်နေပြီး ရဲတပ်ဖွဲ့အင်အားလောက် ငှမှု မရှိတဲ့အနေအထားတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ဧပြီလကစတင်ပြီး ချမ်းမြသာစည်မြို့နယ်အတွင်းက ကန်သာယာ၊ အောင်ပင်လယ်၊ အောင်သာ ယာ အစရှိတဲ့ရပ်ကွက်တွေမှာ မြို့နယ်ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ရှိ သူတွေနဲ့ သက်ဆိုင်ရာရပ်ကွက်ကဒေသခံ ပါဝင်တဲ့ ကင်းလှည့်အဖွဲ့တွေကို ဖွဲ့စည်းဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။

ကန်သာယာရပ်ကွက်က ကင်းလှည့်အဖွဲ့မှာဆိုရင် ဒေသခံအဖွဲ့ဝင် အယောက် ၄၀ ကျော်ရှိပြီး တစ်ဖွဲ့မှာ ဒေသခံ ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးခန့်နဲ့ နေ့စဉ်အလှည့်ကျ ညနေ ၈ နာရီခန့်ကနေ မနက် ၂ နာရီကျော်အထိ ကင်းလှည့် စောင့် ကြည့်ပေးနေတယ်လို့ ပြောပါတယ်။

လာမယ့် မေလ ၁၁ ရက်နေ့မှာ ကျန်နေသေးတဲ့ ရပ်ကွက်တွေမှာ ကင်းလှည့်အဖွဲ့တွေ ဆက်လက် ဖွဲ့စည်းနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ ဆုံဆွေးနွေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.