ပြင်သစ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ အတွက် မဲရုံများ စတင်ဖွင့်လှစ်

ပြင်သစ်နိုင်ငံ Le Touquetမြို့တွင် သမ္မတ ရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)     ပါရီ၊ မေ ၇ ရက် (ဆင...



ပြင်သစ်နိုင်ငံ Le Touquetမြို့တွင် သမ္မတ ရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)
    ပါရီ၊ မေ ၇ ရက် (ဆင်ဟွာ)

    ပြင်သစ်နိုင်ငံ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေကြသည့် အလယ်အလတ် ဝါဒီ အီမာနျူရယ်လ် မက်ခရွန်း နှင့် လက်ယာစွန်း ဝါဒီ မရင်း လီပန်းတို့အား နောက်ဆုံး အဆုံးအဖြတ်ပေးမည့် သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှုအတွက် မဲရုံများကို ပြင်သစ်နိုင်ငံတွင် မေ ၇ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ တွင် ဒေသစံတော်ချိန် နံနက် ၈နာရီ က မဲရုံပေါင်း ၆၆,၀၀၀ကျော်ကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့ကြီးများတွင် မဲရုံပိတ်ချိန်ကို ည ၈နာရီ အထိသတ်မှတ်ထားကာ ကျန်မြို့များတွင် ည ၇နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။မဲဆန္ဒရှင်ပေါင်း ၄၇သန်းနီးပါး လာရောက်ဆန္ဒမဲပေးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ပြည်ပရောက် ပြင်သစ်နိုင်ငံသားများ ဆန္ဒမဲပေးခြင်းကို မေ ၆ ရက်နေ့က ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးရလဒ် ကိုမူ ပြင်သစ်နိုင်ငံ ၌ ဆန္ဒမဲပေးခြင်း ပြီးစီးမှသာလျှင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ၏ ရွေးကောက်ပွဲဥပဒေအရ မေ၅ရက်နေ့ ညဖက်တွင် တရားဝင်မဲဆွယ်ကာလ ပြီးဆုံးသွားခဲ့ပြီး မည်သည့် မဲဆွယ်လှုပ်ရှားမှုကိုမျှ မပြုလုပ်ရန် သတိပေးနှိုးဆော်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ဥပဒေအရ မဲရုံအားလုံး ပိတ်သိမ်းပြီးသည်အထိ မဲအရေအတွက်ရလဒ်အား အများပြည်သူထံ ထုတ်ပြန်ခြင်းကို တားမြစ်ထားကြောင်း သိရသည်။မဲအရေအတွက် ကြိုတင်ခန့်မှန်းခြင်းကို ည ၈နာရီနောက်ပိုင်း၌ သတင်းရင်းမြစ် အများအပြားမှ ထုတ်ပြန်သွားနိုင်ခြေရှိကြောင်း ခန့်မှန်းထားကြသည်။

မက်ခရွန်း နှင့် လီပဲန်း တို့သည် ဧပြီ၂၃ရက်တွင်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ဆန္ဒမဲပေးမှု ပထမအသုတ်၌ ၂၄.၀၁ရာခိုင်နှုန်း နှင့် ၂၁.၃၀ရာခိုင်နှုန်းတို့ဖြင့် ထိပ်ဆုံး၌ အသီးသီးရပ်တည်နေခဲ့ကြကြောင်း သိရသည်။ပထမအသုတ် ဆန္ဒမဲပေးခြင်း ပြီးဆုံးပြီးနောက် ပြုလုပ်ခဲ့သည့် များစွာသော အဓိက ထင်မြင်ချက်စစ်တမ်းများအရ စီးပွားရေးဝန်ကြီးဟောင်း မက်ခရွန်း အနေဖြင့် ပြိုင်ဘက် လီပန်းကို အနိုင်ရနိုင်ခြေ ရှိကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com

COMMENTS

Name

art,1,article,1278,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6392,interview,206,Live,8,LocalNews,14052,news,2842,opinion,749,photos,202,poem,114,satires,38,song,12,speech,11,sports,126,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: ပြင်သစ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ အတွက် မဲရုံများ စတင်ဖွင့်လှစ်
ပြင်သစ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ အတွက် မဲရုံများ စတင်ဖွင့်လှစ်
https://1.bp.blogspot.com/-RFVXUX_hXTA/WQ7mja5vdHI/AAAAAAABJ4c/yb7ek65RPoMaAOa9t5TehdA18LnVAvsfgCLcB/s400/3.jpg
https://1.bp.blogspot.com/-RFVXUX_hXTA/WQ7mja5vdHI/AAAAAAABJ4c/yb7ek65RPoMaAOa9t5TehdA18LnVAvsfgCLcB/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2017/05/blog-post_824.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/05/blog-post_824.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy