မင်္ဂလာတောင်ညွန့်မတည်ငြိမ်မှု ပါဝင်ပတ်သက်သူ ၇ ဦးကို ဖမ်းဝရမ်းထုတ်


 ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မေလ ၉ ရက်နေ့ညက ဖြစ်ခဲ့တဲ့ မတည်ငြိမ်မှုမှာ အဓိကပါဝင်ပတ်သက်သူ ၇ ယောက်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၅ဝ၅- ဂ/၃၄ ဆူပူအောင်သွေးထိုးလှုံ့ဆော်မှုနဲ့ ဒီနေ့ မေလ ၁၁ ရက်နေ့မှာ တရားစွဲလိုက်ပြီလို့ သတင်းရရှိပါတယ်။

ရဲမှူးခင်မောင်ဦးက မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှာ တရားလိုလုပ်ပြီး ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက် မြို့နယ်တရားသူကြီးက လက်ခံလိုက်ပြီး ဖမ်းဝရမ်းထုတ်လိုက်ပြီလို့ ခိုင်လုံတဲ့ တရားရုံးသတင်းရပ်ကွက်က RFA ကို ပြောပါတယ်။

အခု ဖမ်းဝရမ်း ထုတ်လိုက်တဲ့သူတွေကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်က ဦးတင်ထွဋ်ဇော် ဆိုသူ အပါအဝင် ၇ ဦးဖြစ်ပြီး၊ အဲဒီထဲမှာ ဦးပဉ္စင်း၂ ပါးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရဲမှူးခင်မောင်ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရသေးပါဘူး။

ပုဒ်မ ၅ဝ၅ (ဂ) ဟာ လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ၊ တဘက်နဲ့တဘက် ရာဇဝတ်မှု ကျူးလွန်အောင်လှုံ့ဆော်ရန် အကြံရှိလျှင် (သို့မဟုတ်) အဆိုပါလှုံဆော်ခြင်းကို ဖြစ်စေသည့်အကြောင်း ရှိလျှင် ထိုသူကို ၂ နှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်လို့ ဖော်ပြထားပါတယ်။ မျဉ်းစောင်း ၃၄ ကတော့... တဦးထက်ပိုပြီး အကြံတူတခုကို အထမြောက်စေရန်ရည်ရွယ်၍ ရာဇဝတ်မှုကျူးလွန်လျှင် တဦးတည်းပြုသကဲ့သသို့ ကျန်သူများမှာလည်း အသီးသီး အပြစ်တာဝန်ရှိကြောင်း ရည်ညွန်းထားတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.