ဆန္ဒပြ ကျောင်းသားတွေ ကို ထောင်ဒဏ်ချမှတ်



မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ ကျောင်းသားလေးဦးကို မေလ ၉ ရက်နေ့က တွေ့ရစဉ်။ Photo: Hset Paing Toe/RFA
စစ်ကိုင်းပညာရေးကောလိပ်မှာ ကျင့်သုံးနေတဲ့ ကျောင်းအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၄ ဦးကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ပါတယ်။

ဆန္ဒပြရာမှာ ခွင့်ပြုမိန့် မတင်ခဲ့တဲ့အတွက် ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ အရ ထောင်ဒဏ် ၃လ ချမှတ်ခဲ့တာဖြစ်ပြီး တရားခွင်ကို သပိတ်မှောက်ခဲ့တဲ့အတွက် တရားရုံးမထေမဲ့မြင်ပြုမှု ဥပဒေ အရ ဒဏ်ငွေချမှတ်ရာမှာ ကျောင်းသားတွေဘက်က မပေးတဲ့အတွက် ထောင်ဒဏ် ၁ လစီထပ်ပြီး ချမှတ်ခဲ့တာ ဖြစ် ပါတယ်။

တရားရုံးမထေမဲ့မြင်ပြုမှု ဥပဒေအရ ငွေဒဏ် ၂၀,၀၀၀ စီပေးဆောင်ဖို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့ပေမဲ့ ကျောင်း သားတွေက ဒဏ်ငွေပေးဆောင်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းပညာရေးကောလိပ်မှာ ကျင့်သုံးနေတဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က မန္တလေးမြို့ အဆင့်မြင့်ပညာဦးစီးဌာ (အထက်မြန်မာပြည်) ရုံးရှေ့မှာ စစ်ကိုင်းပညာရေးကော လိပ် ကျောင်းသား ကိုဇော်ရဲထွဋ်နဲ့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသားတွေဖြစ်တဲ့ ကိုနှင်းအောင်၊ ကိုရဲမျိုးဆွေ နဲ့ ကိုကောင်းဇော်ဟိန်း တို့က ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြရာမှာ  ခွင့်ပြုမိန့်မတင်ခဲ့တဲ့အတွက် အဲဒီကျောင်းသား ၄ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုလို ထောင်ဒဏ်ချမှတ် လိုက်တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.