သူရဦးတင်ဦး၏ လက်ရှိကျန်းမာရေးအခြေအနေ တည်ငြိမ်



ဗန်းမော်ဆရာတော်နှင့် မူလဆယ်တောင်ပြည့် ကျောင်းတိုက်ဆရာတော်တို့မှ သူရဦးတင်ဦး အတွက် မေတ္တာပို့သပေးနေစဉ် (ဓာတ်ပုံ-- ဦးဖြိုးမင်းသိန်း facebook)
    ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

    ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦး၏ လက်ရှိကျန်းမာရေးအခြေအနေမှာ နှလုံးခုန်နှုန်းတည်ငြိမ်၍ နှလုံးလှုပ်ရှားမှုမှာ ပုံမှန်ဖြစ်ကြောင်း၊ ထို့ပြင်လူနာ၏ သွေးခုန်နှုန်း၊ သွေးပေါင်ချိန် နှင့် အအသက်ရှုနှုန်းတို့ မှာ ပုံမှန်အတိုင်းရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို၏ ထုတ်ပြန်ချက်အရ သိရသည်။

သူရဦးတင်ဦးသည် အသက် ၉၁ နှစ်ရှိပြီဖြစ်ပြီး မေလ ၁၈ ရက်နေ့ နံနက် (၀၃း၁၅)နာရီမှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါဖြင့် တက်ရောက်ကုသခံလျှက်ရှိသည်။

ဦးနှောက်သွေးကြောက်ပိတ်လေဖြတ်ရခြင်းအကြောင်း မှာ အသက်ကြီးသောသူများတွင် အဖြစ်များသော နှလုံးခုန်နှုန်း ပုံမှန်မဖြစ်ရာမှ နှလုံးထဲတွင် သွေးခဲမှုန်များဖြစ်ပေါ်ပြီး နှလုံးမှတဆင့် ဦးနှောက်သွေးကြောအတွင်းသို့ ရောက်ရှိခြင်းဖြစ်ကြောင်း၊ သူရဦးတင်ဦးအား ပုံမှန်ပြုလုပ်နေကြဖြစ်သည့် အထူးကုဆရာဝန်ကြီး၁၅ ဦး ပါဝင်သော ဆေးဝါးကုသရေးကော်မတီ ဖွဲ့စည်း၍ လိုအပ်သောဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မေလ ၂၂ရက်နေ့ အထိ သူရဦးတင်ဦး ၏ သတိအခြေအနေသည် ရောက်ရှိသည့် အချိန်ထက် သိသိသာသာ တိုးတက်မှုရှိကြောင်း ဆေးရုံအုပ်ကြီးဒေါက်တာအေးကိုကို၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.