နိုင်ငံတကာ အငှားယာဉ်ကုမ္ပဏီတွေ ခြေဆန့်လာတဲ့ မြို့တော်ရန်ကုန်

မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးဖြစ်သော ရန်ကုန်မြို့တွင် နေ့စဉ်သန်းနှင့်ချီသောလူများသည် လူမှုရေး စီးပွားရေးတို့ကို အကြောင်းပြု၍ တနေရာမှတနေရာကို သွားလာ လျက်ရှိနေကြသည်။ ထိုကဲ့သို့သွားလာရာတွင် ခရီးသည်တင် ဘတ်စ် ကားများအပြင် အငှားယာဉ်(Taxi) များသည်လည်း ရန်ကုန်မြို့နေ ပြည်သူများအတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လျက် ရှိနေသည်။

ရန်ကုန်မြို့တွင် ယခင်က တနေရာမှ တနေရာသို့ သွားလာရာတွင် လန်ချားများနှင့် မြင်းလှည်းများ ကိုသာအသုံးပြုခဲ့ကြပြီး ၁၉၅၉-၆၀ ပြည့် နှစ်မှစကာ သုံးဘီးကားများကို စတင်အသုံးပြုခဲ့ကြသည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် သုံးဘီးကားများနေရာ၌ လေးဘီး ကားများကို အသုံးပြုခဲ့ကြသည်။

၁၉၉၅ ခုနှစ်တွင် ဂျပန်နိုင်ငံထုတ် ဆလွန်းကားအမျိုးမျိုးကို (ကက) နံပါတ် တပ်ဆင်ထားသောကားများဖြင့် ပြေးဆွဲခဲ့သောကြောင့် အချို့သော လူကြီးများက အငှားယာဉ်များကို ကက ဟု သုံးစွဲခေါ် ဝေါ်နေကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့အကြောင်း ရေးသားထားသည့် စာအုပ်စာတမ်းများတွင် ဖော်ပြထားချက်အရ သိရှိရသည်။

ယနေ့ခေတ် ရန်ကုန်တွင် Taxi ငှားရသည့် အခက်အခဲကို ကားငှားစီးဖူးသူတိုင်း ကြုံတွေ့ဖူးကြသည်။ ဈေးနှုန်း မတန်တဆ တောင်းခြင်း၊ မိမိသွားလိုသည့် နေရာကို ဝေးလွန်းသောကြောင့် မရောက်တော့ဘူးပြောခြင်းနှင့် လုံခြုံမှုအားနည်းခြင်းတို့သည် ရန်ကုန် Taxi လောက၏ ၀ိသေသများပင်ဖြစ်သည်။

ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ရန်ကုန်မြို့၏ အငှားယာဉ်ပြေးဆွဲမှုတွင် ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လုပ်ဆောင်လာနေပြီဖြစ်သည်။

မေလ ၁၁ ရက်က အမေရိကန်အခြေစိုက် Uber အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီကို ရန်ကုန်မြို့တွင် တရားဝင်မိတ်ဆက်ခဲ့သည်။ Uber သည် စင်ကာပူနိုင်ငံ အခြေစိုက် Grab ကုမ္ပဏီပြီးနောက် ဒုတိယရင်းနှီးမြှုပ်နှံသည့် ပြည်ပအခြေစိုက်အငှားယာဉ် ၀န်ဆောင်မှုကုမ္ပဏီ ဖြစ်သည်။

အငှားယာဉ်ကုမ္ပဏီကြီးများ၏ အားသာချက်များမှာ ငှားရမ်းရလွယ်ကူခြင်း၊ ဘဏ်များနှင့် ချိတ်ဆက်ထားသောကြောင့် ငွေပေးချေမှုလွယ်ကူခြင်းနှင့် လုံခြုံစိတ်ချမှု ရှိခြင်းတို့ပင်ဖြစ်သည်။

''ခရီးသည်တွေ၊ ယာဉ်မောင်းသူတွေနဲ့ ရန်ကုန်မြို့ကြီးကို ၀န်ဆောင်မှုပေးဖို့ မြန်မာပြည်မှာ စတင်မိတ်ဆက်နေတာ ကျွန်တော် အလွန်ဝမ်းမြောက်ပါတယ်။ ဆန်းသစ်မှုတွေနဲ့ တိုးတက်မှုဖြစ်စေမယ့် စည်းမျဉ်းစည်းကမ်းတွေကို ဒီမြို့က လက်ကမ်းကြိုဆိုတယ်ဆိုတာ ပြသနေပြီးသားပါပဲ။ နွေးထွေးစွာကြိုဆိုတဲ့ အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီကြိုဆိုမှုက Uber နဲ့တကွ ဆန်းသစ်တီထွင်မှုတွေ၊ စီးပွားရေးအခွင့်အလမ်းသစ်တွေကိုပါ လက်ကမ်းကြိုဆိုလိုက်တာလည်း ဖြစ်ပါတယ်''ဟု Uber ၏ အာရှပစိဖိတ်ဒေသ၏ ဒေသဆိုင်ရာမန်နေဂျာ Michael Brown က ပြောသည်။

'' Uber နဲ့ စီးရတာ အဆင်ပြေတယ်လို့ ပြောလို့ ရပါတယ်။ အိမ်ပေါ်က မဆင်းဘဲနဲ့ အွန်လိုင်းကနေ ကားငှားနိုင်တယ်။ အင်တာနက်ဖွင့်ပြီးကြည့်ရင် ကိုယ်ငှားမယ့်ကား ဘယ်နေရာရောက်နေပြီဆိုတာ တွေ့ရတယ်။ အနီးစပ်ဆုံးနေရာရောက်ပြီဆိုရင် သူတို့က ဖုန်းဆက်တယ်။ ဒါဆို ဆင်းသွားလိုက်ရုံပဲ။ ကားစငှားကတည်းက အနီး စပ်ဆုံးကုန်မယ့်ပမာဏကို ပြောပေးတယ်။ ဒါပေမဲ့ လမ်းပိတ်နေရင်တော့ မီတာတက်တဲ့အတွက် နည်းနည်းပိုပေးရတာမျိုးရှိတယ်''ဟု Uber နှင့်ချိတ်ဆက်၍ တက္ကစီစီးခဲ့သူတဦးက ပြောသည်။

Uber နှင့်ချိတ်ဆက်နိုင်ရန် Uber အက်ပလီကေးရှင်း ရှိရမည် ဖြစ်ပြီး google playstore နှင့် AppStore တွင် အခမဲ့ရယူနိုင်သည်။

Uber ကုမ္ပဏီဝင်ရောက်လာမှုကြောင့် လက်ရှိရန်ကုန်မြို့တွင် Grab၊ Oway Ride နှင့် Hello Cab ဟူ၍ ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီလေးခုအထိရှိနေပြီး Oway Ride နှင့် Hello Cab မှာ ပြည် တွင်းအခြေစိုက်ကုမ္ပဏီများ ဖြစ်ကြသည်။

''နည်းပညာကိုအသုံးပြုပြီး လုံခြုံမှုကို ဖြစ်စေမယ်။ ၀န်ဆောင်မှုကိုလည်း ကောင်းစေမယ်ဆိုတဲ့ နည်းပညာနဲ့ ဆောင်ရွယ်မယ့် တက္ကစီဝန်ဆောင်မှုလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်ထားပါတယ်''ဟု Uber ကုမ္ပဏီ တရားဝင်မိတ်ဆက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အငှားယာဉ်အစီးရေ ခုနစ်သောင်းကျော်ရှိနေပြီး အငှားယာဉ်စီးနင်းသူဦးရေမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ စစ်တမ်းများအရ သိရှိရသည်။

ပြည်ပမှ အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီများ ၀င်ရောက်လာမှုကြောင့် ပြည်တွင်းကုမ္ပဏီများနှင့် ၀န်ဆောင်မှုများ ပြိုင်ဆိုင်လာကာ သွားလာမှုအဆင်ပြေလာမည်ဟု ခရီးသွားပြည်သူများက ယုံကြည်မျှော်လင့်နေကြသည်။

''အက်ပလီကေးရှင်းတွေမှာ Uber ကို သုံးရတာ ကျွန်တော့်အတွက် အဆင်ပြေတယ်။ ဘယ်ကုမ္ပဏီကိုပဲချိတ်ချိတ် လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အချိန်တော့ စောင့်ရလိမ့်မယ်။ သိပ်အရေးကြီးနေရင်တော့ လမ်းပေါ်ထွက်ပြီး ငှားလိုက်တာက ပိုပြီးတော့အဆင်ပြေမယ်။ အငှားယာဉ်ကုမ္ပဏီတွေရဲ့ အားသာချက်ကတော့ လုံခြုံမှုလို့ ကျွန်တော်မြင်တယ်''ဟု မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက်တွင် နေထိုင်သူ ကိုဖြိုးသက်ပိုင်လွင်က ပြောသည်။

အပြောင်းအလဲတခုကို ဖော်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့ရမည်မှာ ဓမ္မတာပင်ဖြစ်သည်။ လမ်းမပေါ်ထွက်ပြီး ကားငှားသည့်ဓလေ့မှ ဖုန်းတလုံးဖြင့် အင်တာနက်ဖွင့်ကာ အွန်လိုင်းမှ ကား ငှားသည့်ဓလေ့ကို ပြောင်းလဲရာတွင်လည်း အစပိုင်းတွင် အခက်အခဲများ မုချကြုံရနိုင်ပါသည်။

နည်းပညာခေတ်တွင် နည်းပညာကို အသုံးပြုမှု များပြားလာခြင်းသည် တိုင်းပြည်တပြည်၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟု မှတ်ယူရမည်ဖြစ်ပြီး မှန်ကန်သည့်စနစ်တခု ဖြစ်ပေါ်လာစေရန် အားလုံးပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။

''နည်းပညာခေတ်မှာ ဒါတွေဟာ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေပါ။ ပြောင်းလဲမှုတိုင်းမှာ အချိန်တော့ ပေးရစမြဲပါပဲ။ နာမည်ကြီးဘောလုံးသမားတွေတောင် အသင်းပြောင်းတဲ့အခါ အသင်းသစ်မှာအထိုင်ကျဖို့ အချိန်ပေးရသေးတာပဲ။ မြို့ကြီးတမြို့မှာ စနစ်တခု အသစ်စတာက ဘောလုံးသမားတယောက် အသင်းပြောင်းတာထက် ပိုပြီးတော့ ခက်ပါတယ်''ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူကို သက်ဇော်က ပြောသည်။

မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ၏ အငှားယာဉ်ဈေးကွက်သည် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၃ ဘီလီယံအထိရှိလာမည်ဟု ဈေးကွက်ကျွမ်းကျင်သူ ပညာရှင်များက ခန့်မှန်းထားသည်ဟု နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။ အလားအလာ ကောင်းသည့် မြန်မာနိုင်ငံ၏ အငှားယာဉ်ဈေးကွက်အတွင်းသို့ Grab နှင့် Uber အပါအ၀င် နိုင်ငံတကာကုမ္ပဏီကြီးများ ၀င်ရောက်လာခဲ့ကြပြီးနောက် အခြားနိုင်ငံတကာ အငှားယာဉ်ကုမ္ပဏီကြီးများ ထပ်မံ ၀င်ရောက်လာဖွယ်ရှိနေသည်ဟု ကျွမ်းကျင်ပညာရှင်များ ခန့်မှန်းထားကြသည်။

လူမျိုးပေါင်းစုံ၊ အဖြစ်အပျက်ပေါင်းစုံဖြင့် အရောင်စုံလင်သော မြန်မာနိုင်ငံ၏ မဟာရန်ကုန်တွင် စနစ်တကျရှိသော ၀န်ဆောင်မှုကောင်းသည့် အငှားယာဉ်ကုမ္ပဏီများ လိုအပ်လျက်ရှိသည်မှာ မုချ ပင်ဖြစ်သည်။ အငှားယာဉ်ကုမ္ပဏီများ ပိုမိုများပြားလာပါက မြို့တော်သူမြို့တော်သားတို့အနေဖြင့် အငှားယာဉ်ကြောင့် ကြုံရသည့် ဒုက္ခများ ငြိမ်းအေးသွားနိုင်မည်ဟု မျှော်လင့်ပါသည်။

နှင်းမောင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7747,interview,221,knowledge,9,Live,8,LocalNews,16388,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,159,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: နိုင်ငံတကာ အငှားယာဉ်ကုမ္ပဏီတွေ ခြေဆန့်လာတဲ့ မြို့တော်ရန်ကုန်
နိုင်ငံတကာ အငှားယာဉ်ကုမ္ပဏီတွေ ခြေဆန့်လာတဲ့ မြို့တော်ရန်ကုန်
https://3.bp.blogspot.com/-_A6_VKtedfE/WSFK0cYL4GI/AAAAAAAAcOc/nvVBX8hdB-s9l8IZ8UaaN41MapUqeQExgCLcB/s640/q1.jpg
https://3.bp.blogspot.com/-_A6_VKtedfE/WSFK0cYL4GI/AAAAAAAAcOc/nvVBX8hdB-s9l8IZ8UaaN41MapUqeQExgCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/05/blog-post_906.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/05/blog-post_906.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy