မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ခေတ်အမီဆုံး လောင်စာဆီသိုလှောင်စခန်း ဖွင့်လှစ်


ရန်ကုန် မေ ၆

ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သိုလှောင်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးကုမ္ပဏီ PUMA Energy နှင့် မြန်မာပြည်တွင်းကုမ္ပဏီ Asia Sun Energy(ASE)တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော PUMA Energy Asia Sun(PEAS)မှ အမေရိကန်ဒေါ်လာ ၉၂ သန်း ရင်းနှီးမြှုပ်နှံထားသော လောင်စာဆီသိုလှောင်စခန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသိုလှောင်စခန်းတည်ရှိရာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း မြေကွက်အမှတ်-၃ တွင် ကျင်းပသည်။

ယင်းသိုလှောင်စခန်းမှာ မြန်မာနိုင်ငံတွင်အကြီးဆုံးနှင့် ခေတ်အမီဆုံးသိုလှောင်စခန်းဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပြီးနောက် ပထမဆုံးဖွင့်လှစ်သော သိုလှောင်စခန်းဖြစ်ပြီး PUMA Energy မှ ၈ဝ ရာခိုင်နှုန်းနှင့် ASE ကုမ္ပဏီမှ ၂ဝ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

''လောင်စာဆီသိုလှောင်နိုင်စွမ်း ၉၁ဝဝဝ ကုဗမီတာရှိတယ်။ စင်ကာပူနဲ့ အိန္ဒိယက တင်သွင်းလာပါတယ်။ သီလဝါသိုလှောင်ဖြန့်ဖြူးရေးစခန်းက မြန်မာနိုင်ငံရဲ့ ပို့ဆောင်ရေးလောင်စာလိုအပ်ချက် တိုးပွားလာမှုအတွက် အထောက်အကူပေးမှာဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးမှာ ဖြစ်ပါတယ်''ဟု PEAS အထွေထွေမန်နေဂျာ ဒေးဗစ်ဟိုလ်ဒန်က ပြောသည်။

အဆိုပါ သိုလှောင်စခန်းကို အမေရိကန်ရေနံအသင်းစံနှုန်းများ(API)၊ အမေရိကန်အင်ဂျင်နီယာဆိုင်ရာစံနှုန်း (ASME)နှင့် အမျိုးသားမီးအန္တရာယ် ကာကွယ်ရေးအသင်း(NFPA)တို့အပါအဝင် ဆောက်လုပ်ရေး၊ လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့်အညီ တည်ဆောက်ထားကြောင်း သိရသည်။

ယနေ့အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်း-ဇာနည်မောင်၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.