ချောက်မြို့တွင် ဇာတ်သဘင်ကား တိမ်းမှောက်၊ ၃၅ ဦးဒဏ်ရာရ၊ ဒဏ်ရာပြင်းထန်သူ ၁၁ဦးကို မကွေးဆေးရုံသို့ ပို့ဆောင်


ချောက်၊ မေ ၈ ။

ယနေ့ မေ လ ( ၈) ရက် ည ၇း ၃၀ ခန့်က ကွေးတိုင်းဒေသကြီး၊ချောက်မြို့အထွက်အလိမ်ကွေ့တွင်ရွှေအားမာန်ဇာတ်သဘင်အဖွဲ့စီးနင်းလိုက်ပါလာသည့် ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ၃၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ချောက်မြို့တွင်နေထိုင်သည့် မကွေးတိုင်းသဘင်အစည်းအရုံးအတွင်းရေးမှူးဦးသန်းထိုက်အောင်ကယနေ့ည ၁၀ နာရီတွင် AHN သို့ပြောသည်။

“ကားပေါ်မှာလူ ၄၀ ကျော်ပါတယ်။ ဒီထဲက ကျား ၂၂၊ မ ၁၃ ပေါင်း ၃၅ ဦးဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တဲ့ ကျား ၈ ဦး၊ မ ၃ ဦးကိုတော့ မနောဖြူ လူမှုကူရေးအသင်းကား၊ ဥတ္တရလူငယ်နာမှုကူညီရေးအသင်း ကားတွေနဲ့ မကွေးဆေးရုံကိုပို့လိုက်ပါတယ်။ ဒီအဖွဲ့ကမန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ စဥ့်ကူကျေးရွာကရွှေအားမာန်ဇာတ်သဘင်အဖွဲ့ပါ။မိတ္ထီလာကို ကဖို့သွားတဲ့ဇာတ်အဖွဲ့ပါ။တစ်ရက်ကြိုသွားရင်း အခုလိုဖြစ်တာပါ။ ဒဏ်ရာရတဲ့သူတွေ အတွက် ဇာတ်သဘင်အဖွဲ့ (ဗဟို)နဲ့ ဆက်သွယ်ပြီး လိုအပ်တာတွေကို ကူညီပေးသွားမှာပါ” ဟု ချောက်ဆေးရုံသို့ရောက်ရှိလာသည့် ဦးသန်းထိုက်အောင်ကပြောသည်။


ယာဉ်တိမ်းမှောက်ရသည့်အကြောင်းအရင်းကို မသိရှိရသေးကြောင်း ချောက်ဆေးရုံတွင် ရောက်ရှိသတင်းရယူနေသည့် AHN သတင်းထောက်ကပြောသည်။
“ ရဲတပ်ဖွဲ့ကတော့ ဥပဒေအရဆောင်ရွက်သွားမယ်လို့ပဲပြောပါတယ်။ ယာဉ်တိမ်းမှောက်ရတဲ့အကြောင်းအရင်းကို တော့ မသိရသေးဘူးလို့ပြောပါတယ် ဗျ..” ဟု ၄င်းကပြောသည်။

ဒီလှိုင်း ( C- AHN)
PHOTO- AHN
The Asia Heart News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.