ဗန်းမောက်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် စေတီနှင့် အဆောက်အအုံများပျက်စီး


ဗန်းမောက် မေ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာနှင့် ပန်းတင်ကျေးရွာတို့တွင် လူနေအိမ်များ၊ မူကြို ကျောင်း၊ ဘုန်းကြီးကျောင်း၊ စာကြည့်တိုက်၊ ဇရပ်၊ ဓမ္မာရုံများ၏အမိုးများ မေ ၅ ရက် ညနေ ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါပျက်စီးဆုံးရှုံးခဲ့သည့်ကျေးရွာများမှာ စီးမော်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတွင် ပျဉ်ထောင်သွပ်မိုးနေအိမ် ငါးလုံး၊ ထရံကာသွပ်မိုး နေအိမ်နှစ်လုံး၊ စာကြည့်တိုက်တစ်လုံး၊ ပန်းတင်ကျေးရွာတွင်လည်း ပျဉ်ထောင် သွပ်မိုးနေအိမ် ၁ဝ လုံး၊ ထရံကာသွပ်မိုးနေအိမ်နှစ်လုံး၊ မူကြိုကျောင်း တစ်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ ဇရပ်၊ ဓမ္မာရုံနှင့် စေတီ တစ်ဆူတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာများသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုး ငြိမ်းနှင့် အဖွဲ့ဝင်များက သွားရောက်ကာ ဒေသခံပြည်သူများကို အားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပျက်စီးခဲ့သည့် အဆောက်အအုံအိမ်မိုးသွပ်များ အတွက် ထာဝရကုမ္ပဏီက သွပ်များထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်စွာ(ဗန်းမောက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.