ထားဝယ်တွင် ကျည်ကာဝတ်ပြီး တရားခံဖမ်းတော့မည်


ထားဝယ် မေ ၇

ထားဝယ်မြို့နယ်အတွင်းရှိ အန္တရာယ်ရှိသည်ဟု ယူဆရသည့် တရားခံများအား ကျည်ကာအင်္ကျီ ဝတ်ပြီးဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့မရဲစခန်းထံမှသိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူများ မှာ သေနတ်နှင့်ဓားများကိုင်ဆောင် အသုံးပြုမှုများလာသည့်အတွက် ဦးဆောင်ဝင်ဖမ်းမည့်ရဲတပ်ဖွဲ့ဝင်များ ကို ကျည်ကာအင်္ကျီဝတ်ပြီးမှ ဝင် ဖမ်းစေမည်ဖြစ်ကြောင်း ထားဝယ် မြို့မရဲစခန်းစခန်းမှူးက ဆိုသည်။

''(ခိုးမှုလိုမျိုး) ရိုးရိုးတရားခံ ဖမ်းရာမှာတော့ မသုံးပါဘူး''ဟု ထားဝယ်စခန်းမှူးက ပြောသည်။
ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့နှင့် ထားဝယ်မြို့မရဲစခန်းတွင် အသုံးပြု ရန်အတွက် ပြီးခဲ့သည့်အပတ်က ကျည်ကာအင်္ကျီ ခြောက်ထည်ကို တိုင်းရဲတပ်ဖွဲ့ကထောက်ပံ့ပေးထား ကြောင်း ၄င်းကဆိုသည်။
''သွားဖမ်းတဲ့အချိန်ရဲကခံလာ ရတယ်ဆိုတာမဖြစ်အောင် လူဆိုး ဖမ်းတဲ့ရဲတိုင်းကို ဝတ်ခိုင်းသင့် တယ်''ဟု ထားဝယ်မြို့ခံ ကိုဟိန်း အာကာက ပြောသည်။

ကျည်ကာအင်္ကျီများကို ခရိုင် တစ်ခုလျှင် ၁ဝ ထည်နှုန်းဖြင့် ဖြန့် ဝေသွားမည်ဖြစ်ပြီး အဓိကစီးနင်း ရှာဖွေမည့် နယ်ထိန်းနှင့် ဒုစရိုက် နှိမ်နင်းရေးတပ်ဖွဲ့ဝင်များကို ဝတ် ဆင်စေမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးက ပြောကြား ခဲ့ဖူးသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် မေက မူးယစ် တရားခံပြေးဖြစ်သူ သီဟ နိုင်(ခ)ညီငယ်အား ထားဝယ်မြို့ တွင် ဝင်ရောက်ဖမ်းဆီးစဉ် ရဲတပ် သား ထွန်းယိန်းကို ညီငယ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရဲ တပ်သားသေဆုံးသွားခဲ့ဖူးသည်။

Dawei Watch
The Union Daily
https://www.facebook.com/uniondaily.net/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.