ဒလိုင်းလားမားနဲ့တွေ့ဆုံမှု တရုတ်ကန့်ကွက်


အမေရိကန် အောက်လွှတ်တော်အမတ် Nancy Pelosi နန်စီ ပလိုစီး ဦးဆောင်တဲ့ အဖွဲ့ အိန္ဒိယနိုင်ငံ ဒရမ်ဆလာမြို့ကို သွားရောက်ပြီး တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ တွေ့ဆုံခဲ့တဲ့အတွက် တရုတ်အစိုးရက အမေရိကန်အစိုးရကို မနေ့က ကန့်ကွက်လိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက အခုလို အမေရိကန်အမတ်တွေ သွားရောက်တဲ့အတွက် တိဘက်ဒေသနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အထင်မြင်လွဲမှုတွေ ပေါ်နိုင်ကြောင်း၊ ဒါဟာ အမေရိကန်အစိုးရက တရုတ်ပြည်ကို ပေးထားတဲ့ ကတိနဲ့လည်း ဆန့်ကျင်နေကြောင်း ပြောကြားကာ ဒလိုင်းလားမားနဲ့ ဆက်ဆံရေးမှန်သမျှ ရပ်ဆိုင်းပြီး ဒီကိစ္စကို လိုအပ်သလို အရေးယူပါလို့ တောင်းဆိုခဲ့ပါတယ်။

အမေရိကန်လွတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နန်စီပလိုစီး ကတော့ ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ မိမိတို့ အတူတကွ ရှိကြောင်းနဲ့ တိဘက်အရေးကို ဆက်လက်အားပေးမှာဖြစ်ကြောင်း ပြောပါတယ်။

တိဘက်ဒေသကို တရုတ်အစိုးရက ၁၉၅ဝ ခုနှစ်မှာ ဝင်ရောက်သိမ်းပိုက်ပြီးနောက် ဘုန်းတော်ကြီး ဒလိုင်းလားမား ဦးဆောင်တဲ့အဖွဲ့ဟာ ဒရမ်ဆလာကို ၁၉၅၉ မှာ ထွက်ပြေးပြီး ပြည်ပရောက်တိဘက်စိုးရအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။

ဒရမ်ဆလာမြိ့ကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ သွားရောက်တဲ့ ၂ ရက်ကြာ ခရီးစဉ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့ ကဆုန်လပြည့်နေ့ အခမ်းအနားတွေနဲ့ တိုက်ဆိုင်နေပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမားက အကြမ်းမဖက်တဲ့လမ်းစဉ်မှန်ကန်တယ်ဆိုတာ အခု သက်သေပြခဲ့ပါပြီ၊ မိမိတို့သာ တကယ်လို့ အကြမ်းဖက်ဝါဒကို လက်ခံကျင့်သုံးမယ်ဆိုရင် အခုလို မိတ်ဆွေတွေ ရရှိမှာ မဟုတ်ပါဖူးလို့ မိန့်ကြားပါတယ်။

အမေရိကန်အဖွဲ့မှာ ပါဝင်တဲ့ အောက်လွှတ်တော်အမတ် Jim McGovern ဂျင် မက်ဂိုဗန် ကလည်း တိဘက်ဒေသနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖေါက်တဲ့ မူဝါဒတွေချမှတ်ရာမှာပါဝင်သူ တရုတ် ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စု လာရောက်ခွင့်ပိတ်ပင်မယ့် ဥပဒေကြမ်းတရပ် လွှတ်တော်တင်ပြထားကြောင်း သိရပါတယ်။

RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.