အလိုအလျောက် မီးထထလောင်နေသော နေအိမ်ကိုဖျက်ပြီး ဘုန်းကြီးကျောင်းသို့ လှူဒါန်းမည်


ဟင်္သာတ၊ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင် နေအိမ်တစ်ခုတွင် ယခုလ ၁၃ ရက်နေ့ကစပြီး အလိုအလျောက် မီးထထလောင်နေသဖြင့် အဆိုပါနေအိမ်အားဖျက်ကာ ဘုန်းကြီးကျောင်း၌ လိုရာအသုံးပြုရန် လှူဒါန်းသွား မည်ဖြစ်ကြောင်း အိမ်ရှင်ဖြစ်သူထံမှ သိရသည်။

"အကုန်လှူပစ်မယ် သွပ်တွေဆိုရင်လည်း ဘုန်းကြီးကျောင်း ဂိုထောင်တွေဘာတွေမှာ အကာအရံအဖြစ်သုံးလို့ရမယ် သစ်တွေကတော့ ကောင်းရင်ကောင်းသလို အဆင်ပြေသလိုသုံးပေါ့ ဘာမှမသုံးချင်လည်း နောက်ဆုံး ဆွမ်းချက်ရင် ထင်းလိုနေတာပဲလေ မီးစိုက်လို့ရတယ်" ဟု အိမ်ရှင် ကိုရဲထွန်းဦး က ပြောသည်။


၎င်းနေအိမ်၌ တနေရာတွင် ကွက်ကနဲလောင်လိုက် နောက်တနေရာတွင် ကွက်ကနဲလောင်လိုက်ဖြစ်ပေါ်နေခြင်းမှာ မေလ ၁၃ ရက်မှ မေလ ၂၃ ရက်နေ့အတွင်း ၁၀ကြိမ်ခန့်ရှိလာပြီဖြစ်သဖြင့် မိသားစုအပြင် အိမ်နီးချင်းများပါ နေရထိုင်ရ စိတ်မဖြောင့်ဖြစ်နေကြရာ အများစိတ်ရှင်းစေရန်လှူဒါန်းလိုခြင်းဖြစ်သည်ဟုဆိုသည်။

" ပထမဆုံးစဖြစ်တဲ့ရက်က အိမ်ချင်းကပ်ရက်အမအိမ်မှာ ထောင်ထားတဲ့ တံမြက်စည်းအဖျားကနေ မီးစွဲလောင်တာ နောက်တရက် ပလတ်စတစ်မိုးကာအစလေးလောင်တယ် နောက်ရက်ကျတော့ အိမ်နောက်ဖေးခန်းမှာ လောင်တယ် အိမ်အတွင်းခန်း ပျဉ်ခင်းတွေ အိမ်အပေါ်ထပ် နောက်ဘက်ထောင့်တွေ ရေချိုးခန်း နေရာအနှံ့ပဲ အိမ်ရှေ့ခန်းဘက်တော့ ခုထိဘာမှမဖြစ်ဘူး
အထူးဆန်းဆုံးတစ်ခုက နောက်ဖေးမှာလှန်းထားတဲ့ ရေစိုထဘီကနေ မီးထလောင်တာပဲ" ဟု အလိုအလျောက် မီးလောင်မှုဖြစ်စဉ်နှင့် ပါတ်သက်ပြီး ကိုရဲထွန်းဦး ၏ဇနီး မဇာခြည်ဝင်းက ပြောသည်။

အလိုအလျောက်မီးလောင်မှု၏ အကြောင်းရင်းကို သိရှိနိုင်ရန် ဟင်္သာတတက္ကသိုလ် ဓာတုဗေဒဌာနနှင့် ဘူမိဗေဒဌာနတာဝန်ရှိသူများက မီးလောင်ခံထားရသော သစ်သားနှင့် အဝတ်စများအပြင် မြေ ၊ ရေနမူနာများကိုပါရယူကာ အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါနေအိမ်အား ဘုန်းကြီးကျောင်းသို့လှူဒါန်းရန် မေလ ၂၃ ရက်နေ့က စတင်ဖျက်နေပြီဖြစ်သော်လည်း မီးလောင်ရခြင်းအကြောင်းရင်းအတွက် တိကျသည့်အဖြေမထွက်သေး၍ တာဝန်ရှိသူများက နေအိမ်ဖျက်သိမ်းမှုကိုခေတ္တဆိုင်းငံ့ခိုင်းထားကြောင်း သိရသည်။

ကျော်စိုးလင်း
Ayeyarwaddy Times
https://www.facebook.com/ayetimes
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.