ပါကစ္စတန် အသေခံဗုံးခွဲမှု အနည်းဆုံး ၂၅ ဦးသေ


ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ အစ္စလာမ်မစ် ပါတီတခုက အဖွဲ့ဝင်တွေ ပါလာတဲ့ ယာဉ်တန်းကို အသေခံဗုံးခွဲတိုက်ခိုက်သူတဦးက တိုက်ခိုက်တာကြောင့် လူ ၂၅ ယောက်ထက် မနည်း သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ သေဆုံးသူ အများစုဟာ ဘာသာရေး အခြေခံဖွဲ့စည်းထားတဲ့ Jamiat Ulema-e-Islam (JUI) ပါတီက တက်ကြလှုပ်ရှားသူတွေပါ။

Baluchistan ပြည်နယ် မြို့တော် Quetta ကနေ ကီလိုမီတာ ၅၀ လောက်အကွာမှာရှိတဲ့ Mastung မြို့မှာ ဒီကနေ့ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပါကစ္စတန် အထက်လွှတ်တော် ဒုဥက္ကဌ Abdul Ghaforr Haideri ကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။

Haideri ကတော့ ဒဏ်ရာ အနည်းငယ်သာ ရပြီး သူ့ရဲ့ကားဒရိုင်ဘာနဲ့ သူနဲ့အတူ လိုက်ပါလာတဲ့ အထက်လွှတ်တော် ၀န်ထမ်းရေးရာ အကြီးအကဲတို့ နှစ်ဦးကတော့ သေဆုံးသွားတဲ့ အကြောင်း အစိုးရအရာရှိတွေက အတည်ပြု ပြောပါတယ်။ အခုပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ Haideri ဟာ ၀န်ကြီးချုပ် Nawaz Sharif ပါတီ ဦးဆောင်တဲ့ အာဏာရ ညွှန့်ပေါင်းအဖွဲ့ထဲမှာ ပါဝင်တဲ့ JUI ပါတီက အဓိက ခေါင်းဆောင်တယောက်ပါ။

ဘာသာရေးသင်တန်းဆင်းပွဲတခုကနေ အိမ်အပြန် လမ်းမှာ အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ် တယ်လို့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်သူကမှ သူတို့လက်ချက်အဖြစ် ပြောဆိုတာ မရှိသေးပါဘူး။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.