CIA သတင်းပေးတွေကို တရုတ်အစိုးရဖျောက်ဖျက်ခဲ့



အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ - CIA
တရုတ်နိုင်ငံအတွင်းက အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ C.I.A. ရဲ့လုပ်ငန်းတွေကို ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းကစလို့ တရုတ်အစိုးရက စနစ်တကျ ဖြိုခွင်းခဲ့တယ်လို့ The New York Times သတင်းစာမှာ ရေးသားထားပါတယ်။ တဒါဇင်လောက်ရှိတဲ့ CIA ကို သတင်းပေးနေသူတွေကို တရုတ်အစိုးရက ၂ နှစ်အတွင်း သတ်ဖြတ်ပစ်တာ၊ ဖမ်းဆီး ထောင်ချတာတွေ လုပ်ခဲ့တယ်လို့ The New York Times က ဆိုပါတယ်။

ဒီ ထောက်လှမ်းရေး သတင်း ပေါက်ကြားမှုဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လက်ရှိ တာဝန် ထမ်းဆောင်နေသူရော၊ ရာထူးက အနားယူသွားရော စုစုပေါင်း CIA အရာရှိ ၁၀ ဦးရဲ့ထွက်ဆိုချက်တွေကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြထားပါတယ်။

ထိခိုက် နစ်နာမှုတွေ နည်းပါးအောင် CIA က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုးစားခဲ့ပေမယ့် ဘာကြောင့် သတင်းပေါက်ကြားမှု ဖြစ်သွားခဲ့တယ်ဆိုတဲ့ အပေါ် ဌာနအတွင်း ပြင်းထန်တဲ့ သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

CIA အဖွဲ့အတွင်းမှာတင် သူလျှို ရှိနေတယ်လို့ ယူဆတဲ့ အရာရှိတချို့ ရှိသလို နိုင်ငံခြားမှာ နေထိုင်တဲ့ ထောက်လှမ်းရေးတွေနဲ့ CIA ဆက်သွယ်တဲ့ နည်းစနစ်ကို တရုတ်တို့က ထိုးဖောက် ၀င်ရောက်နိုင်ခဲ့တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ CIA ဘက် တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.