Emmanuel Macron ကို ကမ္ဘာ့ခေါင်းဆောင်တွေဂုဏ်ပြု


သမ္မတရွေးကောက်ပွဲ အနိုင်ရ Emmanuel Macron
ပြင်သစ် သမ္မတ အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Emmanuel Macron သူအရွေးကောက်ပွဲအနိုင်ရတဲ့ တနင်္ဂနွေနေ့မှာပဲ ဂျာမနီ ၀န်ကြီးချုပ် Angela Merkel နဲ့ ၁၀ မိနစ်ကြာ ဖုန်းဆက်စကားပြောခဲ့ပါတယ်။ ဘာလင်မြို့တော်ကို မကြာခင် လာရောက်မှာဖြစ်ပြီး ဗြိတိန်နိုင်ငံ အီးယူ က ခွဲထွက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဗြိတိန် ၀န်ကြီးချုပ် Theresa May နဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

မစ္စတာ Macron ဟာ ဗြိတိန်ဝန်ကြီးချုပ် Theresa May ၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့နဲ့လည်း စကားပြောခဲ့တယ်လို့ သူ့လက်ထောက်တွေက ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် May က ပြင်သစ်ရွေးကောက်ပွဲ အနိုင်ရသူ Macron ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အကြောင်းအရာအများအပြားနဲ့ပတ်သက်ပြီး ပူးတွဲလုပ်ဆောင်သွားဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

အလားတူစွာပဲ အမေရိကန်သမ္မတ Donald Trumpကလည်း Emmanuel Macron အနိုင်ရရှိမှု အတွက် ဂုဏ်ပြု စကားပြောကြားခဲ့ပြီး သူနဲ့အတူတကွ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ Emmanuel Macron ဟာ ပြင်သစ်နိုင်ငံရဲ့ နောက်တက်လာမယ့် သမ္မတ အဖြစ် ကြီးမားတဲ့ အောင်ပွဲတရပ် ရရှိခဲ့ခြင်းဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ Twitter မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.