Ex-Baghdad အက်ရှင်ဇာတ်ကြမ်းကားတွင် ဂျက်ကီချန်းနှင့်စတောလုံးမင်းသားကြီးနှစ်လက် ပါဝင်သရုပ်ဆောင်မည်



စတောလုံး၊ ဂျက်ကီချန်းဆိုသောအမည်များကိုကြားလျှင် စာဖတ်သူများအနေဖြင့် အက်ရှင်ဇာတ်ကြမ်းရုပ်ရှင်ကားများ ခေါင်းထဲတွင်တန်းပေါ်လာပါလိမ့်မည်။

၎င်းတို့နှစ်ဦးသည် အက်ရှင်ဇာတ်ကားများဖြင့် ရုပ်ရှင်လောကတွင် ရှင်သန်ရပ်တည်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း ရုပ်ရှင်တကားထဲတွင် အတူတကွပါဝင်သရုပ်ဆောဖူးခြင်း မရှိသေးချေ။ ယခုတခါ ပရိသတ်အတွက် ၀မ်းသားစရာကောင်းသည်မှာ Ex-Baghdad ဆိုသောရုပ်ရှင်ကားတွင် သူတို့နှစ်ဦးအတူတွဲဖက် သရုပ်ဆောင်တော့မည်ဖြစ်သည်။ Need For Speed, Act of Valor အစရှိသောနာမည်ကျော်ဇာတ်ကားများကိုရိုက်ကူးသည့် ဒါရိုက်တာ စကော့ဝပ်ဖ်က Ex-Baghdad ဇာတ်ကားကို တာဝန်ယူရိုက်ကူးမည်ဆိုသော သတင်းထွက်ပေါ်နေခြင်းကပို၍ စိတ်ဝင်စားစရာကောင်းသည်။

ထိုဇာတ်ကားတွင် ဂျက်ကီချန်းက အလွတ်တန်းလုံခြုံရေးဝန်ထမ်း၊ စတောလုံးက အမေရိကန်မရိန်းတပ်သားဟောင်းအဖြစ် သရုပ်ဆောင်ကြမည်ဖြစ်ပြီး အီရတ်နိုင်ငံရှိတရုတ်ပိုင်ရေနံသန့်စင်စက်ရုံကို ရန်သူ့လက်သို့ ကျမသွားအောင် ၎င်းတို့နှစ်ဦးက အကာအကွယ်ပေး၍ ခုခံတိုက်ခိုက်ကြမည်ဖြစ်သည်။

ဂျက်ကီချန်းမှာအက်ရှင်နှင့်ဟာသရောစပ်ထားသည့် ဇာတ်ကားများကိုသရုပ်ဆောင်ရာတွင် ထူးခြားပြောင်မြောက်သူဖြစ်သည်။ ဟောလိဝုဒ်သို့ရောက်ပြီးမှ ရိုက်ကူးသောဇာတ်ကားများအနက် Rush Hour, Shanghai Noon, Shanghai Knights တို့မှာ လူကြိုက်များထင်ရှားသည်။

ဆေလ်ဗက်စတာစတောလုံးမှာမူ Rocky ဇာတ်လမ်းတွဲ Rambo ဇာတ်လမ်းတွဲများဖြင့် ထင်ရှားသူဖြစ်သည်။

Ex-Baghdad ဇာတ်ကားကိုဒေါ်လာသန်း ၈၀ အကုန်အကျခံ၍ရိုက်ကူးမည်ဖြစ်ကြောင်းသိရသည်။

အော်စကာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.