ထိုင်းစစ်အစိုးရ Facebook ကို သတိပေး


ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ဝေဖန်လို့မရ

ထိုင်းနိုင်ငံ ဘုရင်စနစ်ကို ဝေဖန်တဲ့ အကြောင်းအရာတွေကို Facebook လူမှုကွန်ယက်ပေါ်က ဖယ်မပေးရင် တရားစွဲမယ်လို့ ထိုင်းစစ်အစိုးရက Facebook ကို သတိပေးလိုက်ပါတယ်။

နောက်တပတ် အင်္ဂါနေ့ နောက်ဆုံးထားပြီး Facebook ပေါ်က ဖြုတ်ချခိုင်းတာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက Facebook ကို ဖြုတ်ခိုင်းတဲ့ အကြောင်းအရာ အရေအတွက်က ၁၃ဝ လောက် ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ မင်းဆွေမင်းမျိုးတွေကို နည်းနည်းပါးပါး ဝေဖန်တာက အစ ခွင့်မပြုဘဲ တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားတာ ဖြစ်ပါတယ်။

အဲဒီ ထိန်းချုပ်တဲ့ ဥပဒေတွေကို လွန်ခဲ့တဲ့ ၃ နှစ်က အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရ လက်ထက်မှာ ပိုမို ကျင့်သုံးလာတာကိုလည်း တွေ့ရပါတယ်။

ဒီလို စိစစ် ဖြတ်တောက်ဖို့ ဆိုင်ရာ နိုင်ငံ အစိုးရတွေ ဘက်က ကမ်းလှမ်းလာတာတွေ ရှိပြီး နိုင်ငံအလိုက် ဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းရင် ကိုင်တွယ်သွားမယ်လို့ပဲ Facebook ဘက်က တုံ့ပြန်ခဲ့ပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.