FBI အကြီးအကဲ ဘာ့ကြောင့် ရာထူး ကနေ ထုတ်ပယ်ခံရတာလဲ


 သီးခြားလွတ်လပ်တဲ့ စုံစမ်းမှု လုပ်ဖို့ အမေရိကန် ဒီမိုကရက်တွေက တောင်းဆိုမှုတွေ ပိုမိုတိုးမြှင့် လာ
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရာထူး ကနေ ဖယ်ရှားခံခဲ့ရတဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေးဗြူရို FBI အကြီးအကဲ James Comey ကို Republicans နဲ့ Democrats တို့ရဲ့ ယုံကြည်မှု ပျောက်ဆုံး သွားခဲ့တာဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့် ကတော့ FBI ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် သိန်းသိမ်းမယ့်သူ တစ်ယောက်နဲ့ အစားထိုး ခန့်ထားမယ်လို့ သူ့ရဲ့ တွစ်တာ လူမှု ကွန်ရက်မျာ ရေးခဲ့ပါတယ်။

James Comey ကိုဖယ်ရှားခဲ့ပြီးတဲ့နောက် မစ္စတာ ထရမ့်ရဲ့ရွေးကောက်ပွဲမဲဆွယ်မှုနဲ့ ရုရှားနိုင်ငံ ဆက်စပ်မှုအပေါ် သီးခြားလွတ်လပ်တဲ့ စုံစမ်းမှု လုပ်ဖို့ အမေရိကန် ဒီမိုကရက်တွေက တောင်းဆိုမှုတွေ ပိုမိုတိုးမြှင့် လာခဲ့ပါတယ်။

တစ်ခုပဲ မမေ့ဖို့ လိုပါတယ်၊ စုံစမ်း စစ်ဆေးရေး မှု လုပ်ဖို့ လိုတယ်လို့ သူ အရင်ကတည်းက ယုံကြည်ခဲ့တယ်၊ လွန်ခဲ့တဲ့ လတွေ တုန်းကလည်း တောင်းဆိုခဲ့တယ်။ အခုတော့ ပိုတောင် လိုပါတယ်လို့ ဒီမိုကရက် ဆီးနိတ်တာ Corry Booker က ပြောပါတယ်။

အိမ်ဖြူတော်ကတော့ James Comey ကို ထုတ်ပယ်တာဟာ Hillary Clinton ရဲ့ အီးမေးလ်တွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုမှာ စီမံခန့်ခွဲမှု မှားယွင်းခဲ့တဲ့အတွက် ဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။

ဒါပေမဲ့ ဒီမိုကရက်တွေကတော့ ဒီထုတ်ပယ်မှုဟာထရမ့်မဲဆွယ်မှုနဲ့ ရုရှားနိုင်ငံကြား ပူးပေါင်း ညှိနှိုင်း ထားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်ကို FBI က စုံစမ်းဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်တယ်လို့ ဆက်စပ်ပြောဆိုနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.