HIV ဆေးသစ်တွေကြောင့် ကုထုံးတိုးတက်

လူငယ် ရောဂါရှင်တွေအတွက် မျှော်လင့်ချက်တက်
ဥရောပနဲ့ မြောက်အမေရိကမှာ HIV ဆေးစပ်သပ်မှုတွေ လုပ်ခဲ့ပြီးနောက် လူနာတွေဟာ ရောဂါမရှိတဲ့လူတွေနီးပါး သက်တမ်းရှည်နိုင်ဖို့ မျှော်လင့်ချက် ရှိလာပြီလို့ ဗြိတိသျှ ဆေးပညာရှင်တွေက ပြောကြား လိုက်ပါတယ်။

HIV ဗိုင်းရပ် ကူးစက်ခံရသူ ၉ သောင်းနဲ့ ပြုလုပ်တဲ့ သုတေသန ၁၈ ခုလောက်ကရတဲ့ အချက်အလက်တွေကို ကြည့်ပြီး ပြောတာ ဖြစ်ပါတယ်။

HIV ဆေး နောက်ဆုံးပေါ် စမ်းသပ်မှုတွေ ယူနေတဲ့ လူငယ်တွေဟာ ကုထုံး တိုးတက်လာမှုကြောင့် သက်တမ်းပိုရှည် လာနိုင်တယ်လို့ လန်းဆတ် ဆေးပညာ ဂျာနယ်က ရေးသားပါတယ်။

ဆေးသစ်တွေဟာ ဘေးထွက် ဆိုးကျိုးနည်းပြီး ဗိုင်းရပ်ပိုး ပွားမှုကိုလည်း ပိုပြီး ထိရောက်အောင် လျှော့ချ ပေးနိုင်တယ်လို့ ဆိုပါတယ်။

၂ဝဝ၈ ကစပြီး ဆေးကုသ ခံခဲ့တဲ့ ၂၁ နှစ်အရွယ် လူငယ်တယောက်ဟာ အသက် ၇ဝ ကျော်ထိ နေနိုင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ဒီလို တိုးတက်မှုတွေ ရှိလာလို့ ရောဂါ ဖြစ်နိုင်ခြေ ရှိသူတွေ ဆေးစစ်ဖို့၊ ကုသခံဖို့ ပိုပြီး တွန်းအားပေးလာစေမယ်လို့လည်း ယူဆနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.