အခြေခံပညာကျောင်းတွေမှာ KG တန်းကနေ (၄)တန်း အထိ ကျောင်းဝတ်စုံအခမဲ့ပေးဖို့ စီစဉ်ထားရှိပြီး


အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံရေး အစီအစဉ်အရ တစ်နိုင်ငံလုံး အတွက် ပထမတန်းကနေစတုတ္ထတန်းအထိ ပညာရေးဝန်ကြီးဌာနက ကျောင်းဝတ်စုံတွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ အဲဒီလို ထောက်ပံ့ ပေးရာမှာ သူငယ်တန်း(KG)အတွက် စုစုပေါင်း (၁၃)သိန်းကျော်၊ ပထမ တန်းအတွက် (၁၁)သိန်းကျော်၊ ဒုတိယတန်းအတွက် (၁၀)သိန်းကျော်နဲ့ စတုတ္ထတန်းအတွက် (၉)သိန်းကျော် ထောက်ပံ့ပေးထားပြီ ဖြစ်တယ်လို့ သိရ ပါတယ်။


 ဒါ့အပြင် ပထမတန်းကနေဒသမတန်းအထိ ကျောင်းသုံး ဖတ်စာ အုပ်တွေကိုလည်းထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၅)ရက် ကနေ (၃၀)ရက် အထိ သတ်မှတ် ထားပြီး ကျောင်းသား၊ကျောင်းသူတွေကျောင်းအပ်နှံရာမှာ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနဲ့ စာကြည့်တိုက်ကြေးအပါအ၀င် တခြားဘယ်အခကြေးငွေကို မှ လုံးဝ ကောက်ခံသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

 ကျောင်းနေအရွယ် ကလေး တွေအားလုံး အခွင့်အရေး တူညီစွာနဲ့ ပညာသင်ယူခွင့်ရရှိရဖို့၊ ( ၅) နှစ်အရွယ် ကလေးတွေကို သူငယ်တန်း (KG) မှာ အပ်နှံကြဖို့နဲ့ (၆)နှစ်အရွယ် ကလေးငယ်တွေကို ပထမတန်း (Grade -1) မှာ အပ်နှံရမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကညွှန်ကြားထားပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.