NLD နာယက သူရဦးတင်ဦး ကျန်းမာရေး တိုးတက်ကောင်းမွန်နေပြီဟု ဦးဝင်းထိန်ပြော

ရန်ကုန်၊ မေလ ၂၁ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က NLD နာယက သူရဦးတင်ဦးကို ယနေ့ မေလ ၂၁ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် လာရောက်ကြည့်ရှုအားပေးခဲ့ရာ နာ ယက သူရဦးတင်ဦး၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေပြီဟု မဇ္ဈိမသို့ ပြောသည်။

ဦးဝင်းထိန်က နာယက သူရဦးတင်ဦးအားတွေ့ဆုံရန် နေပြည်တော်မှ လေကြောင်းလိုင်းဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကာ ဦးတင်ဦးအား တစ်နာရီခန့်တွေ့ဆုံအားပေးခဲ့ပြီး တွေ့ဆုံပြီးအပြန် မဇ္ဈိမက မေးမြန်းခဲ့ရာ ဖြေကြားခဲခြင်းဖြစ်သည်။

“ သူက တော်တော်သိနေပြီ။ စကားမပြောနိုင်တာတစ်ခုပဲ။ သိနေပြီ။ ဘယ်ဘက်လက်က ကောင်းကောင်း လှုပ်နိုင်တယ်။ ညာဘက်လက်က ကောင်းကောင်းမလှုပ်နိုင်သေးဘူး။ ဘယ်ဘက်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်က ညာဘက်လက်ကို သွားပြီးတော့ ထိတာပေါ့။ သက်သာသွားမှာပါ”ဟု ဦးဝင်းထိန်က ပြောသည်။

နာယကကြီး သူရဦးတင်ဦးသည် မေလ ၁၇ရက်နေ့ ၊ ည ၁၁နာရီအချိန်က သူ့နေအိမ်ရေချိုးခန်းမှာ ချော်လဲခဲ့ပြီး သတိလစ်ခဲ့ပြီးနောက် SSC ဆေးရုံကို သွားရောက်ပြသခဲ့ပြီး မေလ ၁၈ရက်နေ့ မနက် ၃ နာရီ ၁၀မိနစ်တွင် ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာခြင်း ဖြစ်သည်။
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.