ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ ဆရာတော် အရှင်ဆေကိန္ဒ တို့ကို မေလ ၈ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံကြစဉ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ ဆရာတော် အရှင်ဆေကိန္ဒ တို့ကို မေလ ၈ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံကြစဉ် Photo: Htet Arker/ RFA

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ ဆရာတော် အရှင်ဆေကိန္ဒ တို့ကို မေလ ၈ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံကြစဉ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ ဆရာတော် အရှင်ဆေကိန္ဒ တို့ကို မေလ ၈ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံကြစဉ်
Photo: Htet Arker/ RFA

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် ဒီကနေ့ ရန်ကုန်မြို့မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အကြံဥာဏ် တောင်းခံခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲဟာ အားရကျေနပ်စရာကောင်းတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဝင်းမြ က ပြောပါတယ်။

ဗုဒ္ဒဘာသာဆရာတော်ကြီးတွေဖြစ်ကြတဲ့ အရှင်ဆေကိန္ဒ၊ အရှင်ဓမ္မပီယ၊ ရခိုင်ပြည်နယ် စစ်တွေမြို့က ရွှေစေ တီကျောင်းဆရာတော် အရှင်အရိယဝံသ အစရှိတဲ့ ဆရာတော် ၈ ပါး၊ အစ္စလာမ်ဘာ သာရေး ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်မြင့်၊ ဦးဝဏ္ဏရွှေ အစရှိတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မနက်ဖြန်မှာလည်း ကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ရှင်းလင်းပြော ကြားမှာဖြစ်ပြီး အကြံဥာဏ်တွေလည်း တောင်းခံမှာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ ရက်နေ့က နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

အဲဒီကော်မရှင်ဟာ အပြီးသတ် အစီရင်ခံစာကို ဒီနှစ် သြဂုတ်လ ၂၄ ရက်နေ့ မတိုင်ခင်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကနေတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြရမှာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.