ဂျိမ်းစ်ဘွန်းမင်းသားကြီး Roger Moore ကွယ်လွန်

နာမည်ကျော် ဂျိမ်းစ်ဘွန်းမင်းသားကြီး ဆာဘွဲ့ရ ရော်ဂျာမိုး၊အသက် ၈၉ နှစ်ဟာ ဒီကနေ့မှာပဲ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သူ့ မိသားစုက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။




အဆိုပါ ကြေညာချက်ကို မင်းသားကြီးရဲ့ တရားဝင် လူမှုကွန်ယက် အကောင့်မှာ တင်ပြခဲ့တာဖြစ်ပြီး ကင်ဆာ ရောဂါဝေဒနာခံစားရရင်း ဆွစ်ဇာလန်နိုင်ငံမှာ ကွယ်လွန်ခဲ့တာလို့ ကြေညာချက်က ဆိုပါတယ်။

 ရော်ဂျာမိုးဟာ ဗြိတိသျှ လျှို့ဝှက် စုံထောက် ဂျိမ်းစ်ဘွန် ဇာတ်လမ်းတွဲအတွက် တတိယမြောက် သရုပ်ဆောင်လည်း ဖြစ်ပြီး စုစုပေါင်း ဂျိမ်းစ်ဘွန်း ဇာတ်ဆောင်အဖြစ် ၁၉၇၃ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အတွင်း ၇ ကား ရိုက်ကူးခဲ့ပါတယ်။


 နောက်ပိုင်း ၁၂ နှစ်တာ ကာလအတွင်း The Spy who loved me ရုပ်ရှင်တို့လို ဂျိမ်းဘွန်းဇာတ်လမ်းတွဲ ၆ ကား ထပ်ရိုက်ခဲ့ပြီး ဒီ Mr Bond နေရာမှာ ကာလအကြာဆုံး သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
007 ဇာတ်လမ်းတွဲထဲမှာတော့ ရန်သူတွေလက်က သေအံ့ဆဲဆဲ အခြေအနေတွေက လွတ်မြောက်လာနိုင်ခဲ့တဲ့ မင်းသားကြီးဟာ ပြင်ပဘဝမှာတော့ ကင်ဆာရောဂါနဲ့ စစ်ခင်းပြီး ကွယ်လွန်သွားခဲ့ရှာပါပြီ။

 သူ့ရဲ့နောက်ဆုံးအချိန်တွေကို ချစ်သူ ခင်သူတွေနဲ့ အတူ မေတ္တာတွေနဲ့ အတူ ရှိခဲ့တာကြောင့် အထူးကျေနပ်အားရစရာဖြစ်ပြီး အထီးကျန်တယ်ဆိုတဲ့ စကားလုံးနဲ့ဘယ်လိုမှ မအပ်စပ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

 ကွယ်လွန်သူရဲ့ ဆန္ဒအရ မိသားစုရဲ့ သီးသန့်အနေနဲ့ ဈာပနာ အခန်းအနားကို မော်နာကိုမှာ ကျင်းပမယ်လို့ သမီးဖြစ်သူ ခရစ်တီးနားက ဆိုထားပါကြောင်း သိရပါတယ်။





  အိမ့်သံစဉ် ~
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.