ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများတွင် SpeedoMeter များ တပ်ဆင်မည်


ရန်ကုန် မေ ၉

သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်မောင်းနှင်သော ယာဉ်မောင်းများကို စစ်ဆေး အရေးယူနိုင်ရန် မော်တော်ကား မြန်နှုန်းတိုင်းတာရေး ကိရိယာ (SpeedoMeter )များ ရန်ကုန်မြို့ အဓိကလမ်းမကြီးများ၌ မကြာမီတပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် အမှတ်(၇)ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့ ခွဲမှူး ယာယီ ရဲမှူးမျိုးအောင်မြင့်က ပြောသည်။
''ယာဉ်မောင်းတွေအနေနဲ့ ရန်ကုန်မြို့ထဲမှာဆိုရင် ၄၈ ကီလိုမီတာ (မိုင် ၃ဝ)ထက် ပိုမောင်းလို့မရပါဘူး။ မြို့ပြင်မှာကတော့ ကီလိုမီတာ ၉ဝ အထိ မောင်းလို့ရပါတယ်။ အဲဒီတော့ မြို့ထဲမှာ များသောအားဖြင့် အရှိန်နှုန်းသတ်မှတ်ထားတဲ့ အရှိန် ၄၈ ကီလို မီတာထက်ကျော်လွန်ပြီး မောင်းနေကြတဲ့အတွက် ယာဉ်မတော်တဆမှုတွေများပြားလာ နေတာ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ယာဉ်ထိန်းတပ်ဖွဲ့က သတ်မှတ်တဲ့အရှိန်နှုန်းထက် မောင်းနှင်နေတဲ့ယာဉ်မောင်းတွေကို စစ်ဆေးအရေးယူ ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အဓိက ကတော့ နည်း ပညာအထောက်အကူပြု ပစ္စည်းတွေလိုအပ်ပါတယ်။ ဒါကြောင့်မို့ သတ်မှတ်အရှိန်လွန် မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို စစ်ဆေးအရေးယူနိုင်ဖို့SpeedoMeter တွေ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်''ဟု ယာယီရဲမှူး မျိုးအောင်မြင့်က ပြည်သူ့ဥယျာဉ်၌ မြန်မာနိုင်ငံ ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေး အဖွဲ့က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂယာဉ်လမ်းအ္တရာယ် ကင်းရှင်းရေး သီတင်းပတ်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ပြောကြားသည်။

သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်မောင်းများအားSpeedoMeter မှရရှိသော အချက်အလက်များအရ ချက်ချင်းချလန်ဖြတ်၍ မော်တော်ယာဉ် ဥပဒေနှင့်အညီ တရားရုံးစွဲတင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကနဦး အနေဖြင့် ငွေကျပ် ၃ဝဝဝဝ ဒဏ်ရိုက်မည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောသည်။

သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.