သမ္မတ Trump အစ္စရေးနိုင်ငံရောက်ရှိ



သမ္မတ Trump အစ္စရေးနိုင်ငံရောက်ရှိ
အရှေ့အလယ်ပိုင်း ဒေသ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မယ့် ကြုံတောင့်ကြုံခဲ အခွင့်အလမ်း ရှိနေပြီလို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုပါတယ်။

အမေရိကန် ခေါင်းဆောင် အဖြစ်နဲ့ သူ့ရဲ့ ပထမဆုံး Israelနိုင်ငံ ခရီးစဉ်မှာ ပြောဆိုတာပါ။ ဒီအခွင့်အလမ်းမှာတော့ အကြမ်းဖက်ဝါဒကို ချေမှုန်းရေးလည်း ပါဝင်ပြီး အတူတကွ ဆောင်ရွက်ခြင်းနဲ့ အောင်မြင်နိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတ Trump က Israelနိုင်ငံ မြို့တော် Tel Avia က Ben-Gurion လေဆိပ်က ကြိုဆိုတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

အကြမ်းဖက်ဝါဒကို တညီတညွတ်တည်း တိုက်ဖျက်ရေး လိုအပ်ချက်နဲ့ ပတ်သက်ပြီး မနေ့ တနင်္ဂနွေနေ့တုန်းက ဆော်ဒီအာရေးဗျ နိုင်ငံ မြို့တော် ရီးယဒ်မှာ မိန့်ခွန်းပြောခဲ့ပြီးနောက် ဆော်ဒီအာရေးဗျကနေ အစ္စရေးနိုင်ငံကို တိုက်ရိုက် ခရီးဆက်တာ ဖြစ်ပါတယ်။ အစ္စရေးလ် ၀န်ကြီးချုပ် Benjamin Netanyahu ကလည်း သမ္မတ Trump ရဲ့ မိန့်ခွန်းကို ကိုးကားပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေး အတွက် Israel ဘက်က တူညီတဲ့ ပိုင်းဖြတ်ချက်ရှိပြီး ပါလက်စတိုင်းတွေ အပါအ၀င် အိမ်နီးချင်းတွေ အားလုံးနဲ့ ငြိမ်းချမ်းရေးကို လက်ကမ်းထားတယ်လို့ အစ္စရေးလ် ၀န်ကြီးချုပ်က ပြောဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပျက်ခဲ့တဲ့ Israel - ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ပြန်စလိုတယ်ဆိုတဲ့ သဘောလည်း အမေရိကန် သမ္မတ Trump က ရည်ညွန်းပြောဆိုခဲ့ပါတယ်။

သမ္မတ Trump ရဲ့ အစ္စရေးလ် ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ နိုင်ငံခြားရေး ၀န်ကြီး Rex Tillerson ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မယ့် အခွင့်အလမ်းတခု ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ Israel နဲ့ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းက စေ့စပ်ဆွေးနွေးကြဖို့ အဆင့်သင့် ဖြစ်တယ်ဆိုရင် သမ္မတ Trump အနေနဲ့ ဒီလုပ်ငန်းစဉ်မှာ ပုဂ္ဂိုလ်ရေးအရ ကြိုးပမ်းလိုတယ်ဆို တာကို ရည်ညွှန်းခဲ့တာလို့ ယူဆတဲ့ အကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီး Tillerson က ပြောပါတယ်။

အမေရိကန် သမ္မတ Trump နဲ့ Israel သမ္မတ Reuven Rivlin ၊ Israel ၀န်ကြီးချုပ် Netanyahu တို့နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပြီး ဂျူးတွေရဲ့ ဘာသာရေး အထွဋ်အမြတ်နေရာ ဖြစ်တဲ့ ဂျေရုစလမ်က Western Wall ကိုလည်း သွားရောက်ပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာတော့ ပါလက်စတိုင်း သမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.