မုံရွာ(TTC)သို့ သင်တန်းလာ တက်သည့် ကျောင်းဆရာမ အိပ်ပျော်နေစဉ် ရွှေဆွဲကြိုး ခိုးခံရ



မုံရွာသို့ သင်တန်းလာတက်သူ ဆရာမထံမှ အဆောင်တွင် အိပ်ပျော်နေစဉ် ခိုးသွားသော ရွှေဆွဲကြိုးနှင့်အတူ ဆက်စပ်တရားခံ ၄ဦးကို နာရီပိုင်းအတွင်းဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးကောလိပ်(TTC)သို့ အလယ်တန်းပြဆရာမ သင်တန်းလာတက်သည့် ကျောင်းဆရာမ၏ ရွှေဆွဲကြိုး ဝင်ခိုးသူတရားခံသုံးဦးနှင့်အတူ ခိုးရာပါပစ္စည်း လက်ခံဝယ်ယူပြီး မူလရွှေဆွဲကြိုး အနေအထာပျက်အောင်ဖျက်ဆီးပစ်သူရွှေဆိုင်ပိုင်တို့ကို မုံရွာမြို့နယ်ရဲစခန်းတာဝန်ရှိသူများက နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာကနေ မုံရွာမြို့ TTC ကျောင်းသို့ အလယ်တန်းပြသင်တန်း အမှတ်စဉ်(၂၁/၂၀၁၇)လာတက်သူ ကျောင်းဆရာမဒေါ်ချိုချိုလတ်သည် မေလ၉ရက်ညတွင် တည်းခိုရာအမျိုးသမီးဆောင်တွင် ညအိပ်နေစဉ်ဝတ်ထားသော ရွှေဆွဲကြိုးကိုနံနက်၂နာရီခွဲခန့်တွင် ဖြုတ်ယူခိုးခံရကြောင်း မုံရွာနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။


ထိုသို့တိုင်ကြားရာ မုံရွာနယ်မြေစခန်းမှုးရဲအုပ်ရဲအောင်က အမှုကိုလက်ခံရေးဖွင့်ခဲ့ပြီး နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဇော်မျိုးထွန်းပါဝင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များက ထိုနေ့ညပိုင်းတွင်မှာပင် တရားခံသန်းဇော်(ခ)ဘတိုင်းအပါအဝင် ဆက်စပ်တရားခံ၎ဦးကို ကာလတန်ဖိုးသိန်း၂၀ခန့်ရှိသက်သေခံ ပစ္စည်းရွှေဆွဲကြိုး၂ကျပ်သားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မျိုးဝင်းထွန်း မုံရွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.