Yangon Water Taxi ဇွန်လအတွင်းမှာ လှိုင်သာယာကနေ ဗိုလ်တစ်ထောင်လမ်းကြောင်း စတင်ပြေးဆွဲမယ်


တင့်တင့်မြန်မာကုမ္မဏီကနေ ပြေးဆွဲမယ့် Water Taxi တွေကို ဇွန်လအတွင်းမှာ လှိုင်သာယာကနေ ဗိုလ်တစ်ထောင်လမ်းကြောင်းကို အရင်ဆုံး စတင်ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ခရီးစဉ်ကို မနက်(၆) နာရီမှာ လှိုင်သာယာက စတင်ထွက်ခွာမှာ ဖြစ်ပြီး ညနေ(၆) နာရီခွဲမှာတော့ ဗိုလ်တစ်ထောင်ကနေ နောက်ဆုံးထွက်မှာ ဖြစ်ပါတယ်။ ပြေးဆွဲမယ့် Water Taxi တွေရဲ့ လက်မှတ်နှုန်းထားတွေဟာ ခရီးစဉ်တစ်ပိုင်းကို (၃၀၀) ကျပ်ကျသင့်မှာ ဖြစ်ပြီး ခရီးစဉ်အစဆုံးကိုတော့ (၅၀၀) ကျပ်နဲ့ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ ကုမ္မဏီရဲ့ ဥက္ကဌ ဒေါ်တင့်တင့်လွင်က ပြောပါတယ်။

 အခုပြေးဆွဲမယ့် လမ်းကြောင်းမှာ မှတ်တိုင်(၈)ခုထားရှိသွားမှာဖြစ်ပါတယ်။ အဲဒီမှတ်တိုင်တွေကတော့ အင်းစိန် (ကြိုးတံတားအနီး) ၊ ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင် (ဈေးကြီးတံတား)၊ လသာ (လမ်းသစ်တံတား)၊ ပန်းဆိုးတန်း (နန်းသီတာ) နဲ့ ဗိုလ်တထောင် (တံတား အမှတ်(၄))တို့ ဖြစ်ပါတယ်။ Water taxi ပြေးဆွဲမယ့် လမ်းကြောင်းမှာ ရှိတဲ့ ဆိပ်ကမ်းမှတ်တိုင်တွေကို ကားဂိတ်တွေနဲ့ အနီးဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်နေပြီး ကားလမ်းနဲ့ ဝေးကွာတဲ့ နေရာတွေကိုတော့ လမ်းဖောက်ပေးနေတယ်လို့ သိရပါတယ်။

 Water Taxi တွေကို စပြီးပြေးဆွဲတာနဲ့ မိနစ်(၂၀) ကြားတစ်ခါ ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးသည် အနည်းဆုံး (၆၀)လောက်ထိ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ (၂၀၁၇) အတွင်းမှာ မြစ်ကြောင်း (၃)ခုအတွင်း တစ်နေ့ကို ခရီးသည် စုစုပေါင်း(၂) သောင်းလောက်ထိ ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ်လောက်မှာတော့ တစ်နေ့ကို ခရီးသည် (၁၂) သန်းလောက်ထိ ဝန်ဆောင်မှုပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် Star City သန်လျင်ဘက်လမ်းကြောင်းနဲ့ ငမိုးရိပ်ဘက်လမ်းကြောင်းတွေကို လည်း မကြာမှီ ပြေးဆွဲနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.