YBS (၃၈)ယာဉ်တွေ မပြေးဆွဲဖို့ ခြိမ်းခြောက်သူတွေကို အမှုဖွင့်အရေးယူမယ်


YBS (၃၈) ယာဉ်လိုင်းဟာ ဒီကနေ့ (၈.၅.၂၀၁၇)မှာ ပုံမှန်ပြေးဆွဲပေးရမယ့်အချိန်ထက်နောက်ကျမှုရှိခဲ့တာကြောင့် ခရီး သည်တွေအဆင်မပြေမှုရှိခဲ့ပါတယ်။ ယာဉ်ပြေးဆွဲမှု အချိန်နောက်ကျရတာဟာ မနေ့က (၇.၅.၂၀၁၇) မှာ ယာဉ်လိုင်းပြေး ဆွဲမှုအတွက်ငွေအပ်ရာက ပြသနာအနည်းငယ်ရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်ကပြောပါတယ်။

ပုံမှန်ဆိုရင်တော့ မနက် (၆) နာရီမှာ ဂိတ်စကနေ စတင်ပြေးဆွဲပေးနေတာဖြစ်ပြီး ဒီကနေ့ (၈.၅.၂၀၁၇) မှာတော့ ကားအားလုံးကို မနက် (၇) နာရီ (၁၅) မိနစ်အချိန်မှာ စတင်ပြေးဆွဲပေးခဲ့တာဖြစ်ပါတယ်။ YBS (၃၈) ယာဉ်လိုင်းဟာ သီရိမင်္ဂလာဈေးသစ်ကနေ ဘေလီမှတ်တိုင် အထိပြေးဆွဲပေးနေတာဖြစ်ပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.