ပျောက်ဆုံးစစ်လေယဉ်မှ Black Box ရှာတွေ့


ခရီးသည်နဲ့ လေယာဉ် အမှုထမ်းပေါင်း ၁၂၂ ဦး လိုက်ပါသွားတဲ့ ပျက်ကျ တပ်မတော် လေယာဉ်ရဲ့ အချက်အလက် မှတ်တမ်းတင်စက် ၂ ခုကို ရှာဖွေ တွေ့ရှိပြီလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက် (Black Box ) နဲ့ လေယာဉ်မောင်းခန်း အတွင်းက အသံသွင်းစက် တို့ကို တွေ့ရှိတာ ဖြစ်ပြီး လေယာဉ်ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ဒေသခံ ငါးဖမ်းစက်လှေရဲ့ သတင်းပေးပို့ချက် အရ ရှာဖွေ တွေ့ရှိခဲ့ရတဲ့ လေယာဉ်ပျက်ရဲ့ အမြီးပိုင်းကိုလည်း ဒီကနေ့ အောင်အောင်မြင်မြင် ဆယ်ယူရရှိပြီး ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၁၂၂ ဦးထဲက အခုအချိန်ထိ ၉၂ ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ ရရှိထားပြီး ၃၀ ဦးတို့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ လေယာဉ်ပျက် ကိုယ်ထည် အပိုင်းအစတွေကို ဒေသခံ ငါးဖမ်းစက်လှေတွေ၊ တပ်မတော် ရေ တို့ ပူးပေါင်းရှာဖွေနေဆဲ ဖြစ်ပါတယ်။

တရုတ်ထုတ် တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်က ဇွန်လ ၇ ရက်နေ့က တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို တင်ဆောင်ပြီး မြိတ်ကနေ ရန်ကုန်ကို ပျံသန်းစဉ်မှာ ထားဝယ်မြို့ အနောက်တောင်ဘက် ပင်လယ်ပြင်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.