နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေ သွားရောက်ကြည့်ရှုအားပေး


ရန်ကုန်-ဇွန် ၁၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင်၌ ဆေးဝါးကုသမှု ခံယူနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး အား သွားရောက် တွေ့ဆုံ၍ ကျန်းမာရေးအခြေအနေကို ကြည့်ရှုမေးမြန်းကာ အားပေးစကား ပြောကြားသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုနှင့် တာဝန်ရှိသူများက ဦးတင်ဦး၏ လက်ရှိ ကျန်းမာရေးအခြေအနေများနှင့် တိုးတက်လာမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့် သွေးကြောရောဂါ ခွဲစိတ်ကုဌာနတွင် ဆေးဝါးကုသမှုခံယူနေကြသည့် ဝေဒနာရှင် ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် လက်ရှိကာလတွင် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာမှုများရှိ၍ ယခု ဇွန်လကုန်ခန့်တွင် ဆေးရုံမှ ပြန်လည်ဆင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပုံမှန်အတိုင်း ပြောဆိုလှုပ်ရှား နိုင်ရေးအတွက်မူ နေအိမ်၌ အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ခန်းများ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြော ပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါခံစားရသဖြင့် မေ(၁၈)ရက်မှစ၍ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက် ဆေးဝါးကုသနေခြင်းဖြစ်ရာ ၎င်း၏ကျန်းမာရေး အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် တို့ သည် ဇွန် ၆ ရက်တွင်လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇွန် ၃ ရက်တွင်လည်းကောင်းသွားရောက်ကြည့်ရှု အားပေးခဲ့ပြီး နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ နံနက်ပိုင်းတွင် ဒုတိယ အကြိမ်ထပ်မံသွားရောက် ကြည့်ရှု အားပေးခြင်းဖြစ်ကြောင်း သိရသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.