သူနာပြုသားဖွားတွေအတွက် စားစရိတ်နဲ့ ဝတ်စုံစရိတ် တိုးပေးမည်



သူနာပြုဆရာမများကို တွေ့ရစဉ် Photo: RFA
သူနာပြုသားဖွားတွေရဲ့ စားစရိတ်ကို တလမှာ နှစ်သောင်းကျပ်နဲ့ ဝတ်စုံစရိတ်ကို တနှစ်မှာ နှစ်သောင်းကျပ်အထိ တိုးမြှင့်ပေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ငွေက သူနာပြုသားဖွားဝန်ထမ်းတွေရဲ့ စားစရိတ်နဲ့ ဝတ်စုံ စရိတ်ကို ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ပေးဖို့ အစီအစဉ်ရှိ၊ မရှိကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းရာ မှာ ၀န်ကြီး ဒေါက်တာမြင့်ထွေးက တိုးမြှင့်ပေးဖို့ စီစဉ်ထားတဲ့အကြောင်း ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ သူနာပြုသားဖွားတွေဟာ စားစရိတ်အဖြစ် တလမှာ ၃၀ ကျပ်နဲ့ ၀တ်စုံစရိတ်အဖြစ် တစ်နှစ်ကို ၅ ကျပ်သာ ရရှိနေတာဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ သူနာပြုသားဖွားစုစုပေါင်း ၃၈၅၀၀ နီးပါးရှိပြီး စားစရိတ်အတွက် တနှစ်မှာ  ကျပ် ၇၆၈ သန်းနဲ့ ၀တ်စုံစရိတ် တစ်နှစ်စာအတွက် ကျပ် ၇၈ သန်း ပိုမိုသုံးစွဲမယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.