နေပြည်တော်၊ မြို့မဈေး ကားဂိတ်ဝင်းအတွင်း မူးယစ်ဆေးဝါးများနှင့် တရားခံအား ဖမ်းဆီးရမိ


နေပြည်တော်၊ ​ဇွန်​ ၇။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ၊ မြို့မဈေး ကားဂိတ်ဝင်းအတွင်း၌ မေလ ၄ ရက်နေ့က မူးယစ်ဆေးဝါးများနှင့် အတူ တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

တရားခံမှာ ရန်ကုန် - နေပြည်တော် အဝေးပြေးယာဉ် Elite ကားပေါ်မှ ဆင်းလာပြီး ကားဝင်းအတွင်းရှိ “ကတုံး” လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် မူးယစ်ဆေးဝါးသတင်းအရ သက်ဆိုင်ရာမှ ရှာဖွေခဲ့ရာ ဖမ်းဆီးရမိ ခြင်းဖြစ်ကြောင်း သိရှိရသည်။


WY စာတမ်းပါ ပန်းရောင် စိတ်ကြွရှုးသွပ်ဆေးပြား (၁၉၈) ပြား၊ WY စာတမ်းပါ အစိမ်းရောင် စိတ်ကြွရှုးသွပ်ဆေး ပြား (၂) ပြား၊ ဘိန်းမဲဟု ယူဆရသည့် အညှိရောင်အစေး (၅.၄၃) ဂရမ် တို့အားဖမ်းမိခဲ့ခြင်း ဖြစ်သည်။

တရားခံသည် တောင်ကြီးမြို့တွင်နေထိုင်သူ ကိုဇင်လင်းဖြစ်ပြီး တရားခံအား ဇဗ္ဗူသီရိမြို့မရဲစခန်း အမှတ် (၅)မှ မယ (ပ) ၁/၂၀၁၇ ၊ မူ/စိတ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၀ (က)/၂၀ တို့ဖြင့် အရေးယူဆောင်ရွက်နိုင်ရန် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ကြယ်စင်ခ
Central News Myanmar
https://www.facebook.com/CNMyanmar/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.