အထည်ချုပ်အလုပ်သမား ၄ဝဝ နီးပါး ဆန္ဒပြ



(ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုံက ဂျပန်နိုင်ငံသားပိုင် Honeys Garment 1 အထည်ချုပ် စက်ရုံ အလုပ်သမားတွေ ဇွန်လ ၁၁ ရက်နေ့က ဆန္ဒပြစဉ်) Photo: Thant Zin Oo/RFA
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုံက ဂျပန်နိုင်ငံသားပိုင် Honeys Garment 1 အထည်ချုပ် စက်ရုံ အလုပ်သမား ၆ဝဝ ကို မနေ့က အလုပ်ထုတ်ပယ်လိုက်တဲ့အတွက် အလုပ်ထုတ်ခံရသူတွေထဲက ၄ဝဝ နီးပါးက ဒီကနေ့ ဆန္ဒပြကြပါတယ်။

အလုပ်ထုတ်ခံရသူတွေ အလုပ်ပြန်လည် ရရှိရေးအတွက် ၅ ရက်တိုင်တိုင် ဆန္ဒထုတ်ဖော်သွားမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ဦးနေဝင်းဦးက ပြောပါတယ်။

အလုပ်သမားတွေကို စက်ရုံက အလုပ်ပြန်မခန့်သေးဘူးဆိုရင် ဂျပန်သံရုံး ရှေ့အထိ သွားရောက်ဆန္ဒထုတ်ဖော်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အထည်ချုပ်တဲ့နေရာ ပြောင်းရွှေ့တာကို မကျေနပ်တဲ့ အလုပ်သမားတွေကို အလုပ်ကနေထုတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ လမ်းလျှောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ အလုပ်သမားတွေဟာ ဥပဒေမဲ့ အလုပ်ထုတ်ပယ်မှု ရပ်တန့်ဖို့၊ ဥပဒေပါ အလုပ်သမားအခွင့်အရေး ရရှိဖို့နဲ့ ခွဲခြားဖိနှိပ်မှုတွေ ရပ်တန့်ဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.