ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌကွယ်လွန်


နိရဉ္စရာ၊ ဇွန် ၁၇

ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌလည်း ဖြစ်၊ ရခိုင်အမျိုးသားပါတီ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးဖိုးမင်းသည် ယနေ့ ဇွန်လ ၁၇ ရက်နေ့ ည ၉ နာရီ ၃၀ တွင် စစ်တွေမြို့ သူ့နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသည်။

ဦးဖိုးမင်းသည် ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ၎င်းမြို့နယ်မှပင် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ၂ ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့သည်။

ဦးဖိုးမင်းသည် သူ့ဘ၀ တစ်လျှောက်လုံးကို ရခိုင်နိုင်ငံရေး လောကတွင် မြုပ်နှံထားခဲ့သူ ဖြစ်ပြီး ရခိုင်တိုးတက်ရေး ပါတီ RNDP ကို စတင် တည်ထောင်ရာတွင် ပါဝင်သူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

ဦးဖိုးမင်း ကွယ်လွန်ခြင်းမှာ အစားထိုးမရသော ဆုံးရှုံးမှု တစ်ရပ်ဖြစ်ကြောင်း၊ ပါတီအတွက်သာမက ရခိုင်တစ်မျိုးသားလုံးအတွက် ဆုံးရှုံးမှု ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် (၇၁) နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.