တိုက်ခိုက်မှု ကျုးလွန်သူတွေ ပစ်သတ်ခံရတာ တွေ့ရတဲ့ ဗီဒီယို ထွက်လာ



စီစီတီဗီ လုံခြုံရေး ကင်မရာကနေ ရိုက်ကူးထား
လန်ဒန်တံတား တိုက်ခိုက်မှုကို ကျူးလွန်သူ ၃ယောက်ကို ရဲက သေနတ်နဲ့ အသေပစ်ခတ် ဖမ်းဆီးနေတာကို တွေ့ရိုက်တဲ့ ဗီဒီယို ထွက်ပေါ် လာပါတယ်။

စီစီတီဗီ လုံခြုံရေး ကင်မရာကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲဒီ ဗီဒီယိုထဲ လန်ဒန်တံတားနားက ဘာရာဈေး ဝန်းကျင်မှာ လမ်းသွား လမ်းလာတွေကို လူ ၃ ယောက်က တိုက်ခိုက် နေတာကို တွေ့ရပြီးတဲ့နောက် လက်နက်ကိုင် ရဲတွေကိုပါ ရန်မူ လာပါတယ်။

အဲဒီနောက်မှာတော့ အဲဒီ ၃ ယောက်လုံး ပစ်သတ် ခံလိုက်ရပါတယ်။

စနေနေ့ည လန်ဒန် အကြမ်းဖက် တိုက်ခိုက်မှုမှာ လူ ၈ ယောက် သေဆုံး ခဲ့ရပြီးတဲ့နောက် ရဲတွေက လန်ဒန် အရှေ့ပိုင်း နေရာတွေမှာ ဝင်ရောက် စီးနင်း ရှာဖွေတာတွေ ဆက်လက် ပြုလုပ် နေပါတယ်။

လူ ၃ ယောက်ကိုလည်း ထပ်မံ ဖမ်းဆီးလိုက်တဲ့ အတွက် ၁၇ ယောက် ဖမ်းဆီးခဲ့ပြီး လက်ရှိ ထိန်းသိမ်းထားစူ ၅ ယောက် ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.