လန်ဒန်မီး လူအတော်များများ သေဆုံးနိုင်



မီးလောင်ကျွမ်းတဲ့ အချိန်မှာ အဆောက်အဦးထဲ လူပေါင်း ၆၀၀ လောက် အထိ ရှိနိုင်
လန်ဒန်မြို့ လန်ကတ်စတာ အနောက်ပိုင်း အရပ်က လက်တီမာ လမ်းမှာ ရှိတဲ့ Grenfell Tower လို့ခေါ်တဲ့ ၂၄ ထပ်မြင့် အဆောက်အအုံမှာ ဇွန်လ ၁၄ ရက် ဒေသ စံတော်ချိန် တနာရီ ၁၆ မိနစ်မှာ မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။

ဒီမီးကြောင့် လူအတော် များများ သေဆုံးခဲ့နိုင်ပါတယ်။ အနည်းဆုံး လူ ၅၀ လောက်ကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အဆောက်အအုံက လွတ်မြောက်လာသူ ၂ ဦးရဲ့ အပြောအရ တချို့ပိတ်မိ နေခဲ့ပြီး အော်ဟစ် အကူအညီ တောင်းခဲ့ ကြတယ်လို့ ပြောပါတယ်။

တချို့ဆိုရင် ကလေးတွေကို ကိုင်ထားပြီး ပြူတင်းပေါက်ကနေ အကူအညီတောင်း ခဲ့ကြကာ၊ တချို့လည်း အောက်ကို ခုန်ချခဲ့ကြပါတယ်။

မီးလောင်ကျွမ်းတဲ့ အချိန်မှာ အဆောက်အဦးထဲ လူပေါင်း ၆၀၀ လောက် အထိ ရှိနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မီးသတ်သမား ၂၀၀ ကျော်ကနေပြီး မီးငြှိမ်းသတ်ခဲ့ရာ အခုတော့ မီးညွှန့် ကျိုးသွားပြီ ဖြစ်ပါတယ်။
မီးသတ်သမား ၂၀၀ ကျော်ကနေပြီး မီးငြှိမ်းသတ်ခဲ့ရာ အခုတော့ မီးညွှန့် ကျိုးသွားပြီ ဖြစ်ပါတယ်။

အခုတော့ အဆောက်အဦး ဟာ မီးကျွမ်းနေပြီး၊ တငွေ့ငွေ့ နဲ့ မီးခိုးတွေလည်း တလူလူ ထွက်နေပါတယ်။

အဆောက်အဦးကတော့ အခုအချိန်မှာ ဒီအတိုင်း ရှိနေပြီး ပြိုကျသွားနိုင်တဲ့ အနေအထားမျိုးရှိနေပါတယ်။

ဘာကြောင့်မီးလောင်တယ် ဆိုတာကိုတော့ မသိရသေးပါ။

အဲဒီမီးလောင်တဲ့ အနီး အနားရှိကြတဲ့ သူတွေ၊ မျက်မြင်တွေ့ ရှိသူ မြန်မာပြည်သားတွေ အနေနဲ့ ကိုယ့်ရဲ့ အတွေ့ အကြုံကို ဘီဘီစီကို ဆက်သွယ် သတင်းပေးပို့ နိုင်ကြပါတယ်။

ဘီဘီစီမြန်မာပိုင်း ဖေ့စ်ဘွတ်ရဲ့ message box ကနေ ဆက်သွယ် သတင်းပေးနိုင် ကြပါတယ်။

bbcburmese@gmail.com ကိုဖြစ်စေ Burmese@bbc.co.uk ကိုဖြစ်စေ ဆက်သွယ် ပေးပို့ နိုင်ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.