တပ်​မ​တော်​သား​ဟောင်းတဦး​ရေး ''ဗိုလ်ဇောက်ထိုးနှင့်​ ဗိုလ်ဇောက်ကန်း'' စာအုပ်​မိတ်​ဆက်



တပ်မ​တော်​သား​ဟောင်းတဦးဖြစ်​သူ ဆရာငွေစိုး၏ 'ဗိုလ်ဇောက်ထိုးနှင့်​ ဗိုလ်ဇောက်ကန်း'' စာအုပ်မိတ်ဆက်ပွဲကို ဇွန်​လ ၄ ရက်​​နေ့က ရန်​ကုန်​မြို့၊ လမ်းမ​တော်​သံ​ဈေးရှိ Yangon Book Plaza တွင်​ကျင်းပသည်​။

ယင်းစာအုပ်​သည်​ တပ်​မ​တော်​သားတ​ဦး၏ ခံစားချက်​များ၊ အ​တွေးအမြင်​များ၊ အ​တွေ့အကြံများကို ဖတ်​ရှုသိရှိ​စေရန်​ ​ရေသားထားခြင်းဖြစ်​​ကြောင်း ဆရာ​ငွေစိုးက​ပြောသည်​။


"ဒီစာအုပ်​မှာ အဓိက က​တော့ တပ်​ရဲ့ အ​နေအထား၊ စစ်​သည်​စစ်​သား​တွေရဲ့ သ​ဘောသဘာဝကို ပြည်​သူပြည်​သား​တွေ သိ​စေချင်​တယ်​။ ပြည်​သူကလည်း တပ်​မ​တော်​သား​တွေကို ​လေးစား​စေချင်​တယ်​။ တပ်​မ​တော်​သား​တွေကလည်း ငါတို့ပြည်​သူ​တွေ ငါတို့ ညီ​နောင်​ဖွား​တွေပါလား၊ တိုင်းရင်းသားညီ​နောင်​ဖွား​တွေပါလားဆိုပြီး​တော့ တဦးနဲ့တဦး သိ​စေချင်​တဲ့ message ​ပေးချင်​တာပါ''ဟု ၄င်းကပြောသည်​။

အဆိုပါစာအုပ်​တွင်​ ၄င်း၏ စစ်​သားဘဝက သစ္စာ အဓိဌာန်​ဖြစ်သည့် ''ငါစစ်​တိုက်​ခဲ့ပါက ရန်​သူအား မ​သေမ​ကြေ​စေချင်​ပါ။ ဤမှန်​ကန်​​စွာဆိုခဲ့​သောသစ္စာတို့၏ တန်​ခိုးအာနု​ဘော်​​တော်​ကြောင့်​ ငါတိုက်​ခိုက်​ရ​သော တိုက်​ပွဲတိုင်းတွင်​ ရန်​သူမ​သေမ​ကြေဘဲ ရန်​သူတို့၏နေထိုင်​ရာ ​မြေကြီးနှင့်​ ရန်​သူကိုင်​​ဆောင်​ရာ လက်​နက်​များတို့သာလျှင်​ ရရှိပါ​စေသား'' ဟူ​သော အချက်​ကို ဖော်​ပြထားသည်​။

"ကို​ငွေစိုးရဲ့ သစ္စာအဓိဌာန်​ကိုကြည့်​ပြီး ​တော်​​တော်​​လေး ခံစားရတယ်​။ တိုက်​သာ တိုက်​​နေရတယ်​။ ရန်​သူ မ​သေ​စေပါနဲ့။ သူရဲ့ စစ်​​ရေးရည်​မှန်​ချက်​ဖြစ်​တဲ့ ရန်​သူနယ်​​​မြေနဲ့ လက်​နက်​​တွေကို မ​သေမ​ကြေဘဲ ရပါ​စေလို့ သစ္စာဆိုတဲ့ စစ်​သားတစ်​​ယောက်​ကို မျက်​မြင်​ကိုယ်​​တွေ့ခဲ့ရပါပြီ'' ဟု ယင်းအခမ်းအနားသို့ တက်​​ရောက်​လာ​သေ ၈၈ မျိုးဆက်​ (ငြိမ်းပွင့်​)မှ ဦးကိုကိုကြီးက မှတ်​ချက်​ပြုသည်​။

ယင်းသို့​ တပ်​မ​တော်​၏ သ​ဘောသဘာဝ၊ တပ်​မ​တော်​သားတစ်​​ယောက်​၏ ခံစားချက်​၊ အ​တွေးအမြင်​များကို စာအုပ်​စာ​ပေမှတဆင့်​ ဖတ်​ရှုသိခွင့်​ရလိုက်​ခြင်းသည်​ စစ်​ဘက်​-အရပ်​ဘက်​ဆက်​ဆံ​ရေး ၊ နိုင်​ငံတည်​​ဆောက်​​ရေးနှင့်​ ပြုပြင်​​ပြောင်းလဲ​ရေးတို့အတွက်​ များစွာ အ​ထောက်​အကူပြုနိုင်​​ကြောင်း ဦးကိုကိုကြီး က​ပြောသည်​။

ဆရာငွေစိုးသည်​ ၁၉၉၃ ခုနှစ်​မှ ၂၀၀၇ ခုနှစ်​အထိ တပ်​မ​တော်​တွင်​ တာဝန်​ထမ်း​ဆောင်​ခဲ့ပြီး​နောက်​ ဗိုလ်​ကြီးအဆင့်​ဖြင့်​ တပ်​မ​တော်​မှ အငြိမ်းစားယူကာ အရပ်​ဘက်​သို့ ​ပြောင်းလာခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။

ယခုစာအုပ်​မှာ တပ်​မ​တော်​သားအ​တွေ့အကြံနှင့်​ ပတ်​သက်​၍ ဒုတိယ ​မြောက်​စာအုပ်​ဖြစ်ကြောင်း ဆရာ​ငွေစိုးက​ပြောသည်​။

လင်းလင်း​အောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.