အိန္ဒိယရဲ့ အလေးဆုံးနဲ့ နောက်ဆုံးပေါ်ဒုံးပျံ အာကာသကိုလွှတ်တင်

အိန္ဒိယရဲ့ အလေးဆုံးနဲ့ နောက်ဆုံးပေါ်ဒုံးပျံလွှတ်တင်စဉ်
အလေးချိန်သုံးတန်ကျော်ရှိတဲ့ ဆက်သွယ်ရေးဂြိုလ်တုတလုံးကို သယ်ဆောင်သွားတဲ့ အိန္ဒိယရဲ့အလေးဆုံး နဲ့ နောက်ဆုံးဆောက်လုပ်တဲ့ ဒုံးပျံအသစ်ကို နိုင်ငံအရှေ့ဘက် Sriharikota ကျွန်း ကနေ တနင်္လာနေ့ညနေပိုင်းက အာကာသထဲကို အိန္ဒိယ အာကာသသုတေသနအဖွဲ့ The Indian Space Research Organization (ISRO) ကလွှတ်တင်လိုက်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ အိန္ဒိယရဲ့မျော်မှန်း ချက်ကြီးမားလှတဲ့ အာကာသအစီအစဉ်အတွက် နောက်ထပ်သမိုင်း မှတ်တမ်းတရပ်ဖြစ်ပြီး ၊အိန္ဒိယ အာကာသယာဉ်မှုးတွေကို အာကာသထဲပို့ဆောင်နိုင်ဖို့ ခြေတလှမ်းတိုး စေခဲ့ပါတယ်။

ခုလို ကမ္ဘာပတ်လမ်း ကြောင်းထဲကို ဂြိုလ်တုတလုံးအောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့တဲ့နေ့ ကတော့ သမိုင်းတင်တဲ့နေ့ပဲလို့ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ဥက္ကဌ Kiran Kumar ကပြောပါတယ်။ တန်ချိန် ၆၄၀ လေးပြီး ၊ ၁၄၁ ပေ အရှည် ရှိတဲ့ Geosynchronous Satellite Launch Vehicle (GSLV) Mk III ဒုံးပျံ ကတဆင့် အခုလို ဆက်သွယ်ရေးဂြိုလ်တုလွှတ်တင်နိုင်ခြင်းအားဖြင့် ပိုလေးလံတဲ့ ဆက်သွယ်ရေးဂြိုလ်တု ကိုကမ္ဘာပတ်လမ်း ကြောင်းထဲပို့ရာမှာ နိုင်ငံခြားအာကာသ အေဂျင်စီ တွေအပေါ် အိန္ဒိယရဲ့မှီခိုနေမှုကိုလျှော့ကျစေမယ့် အတွက်ကုန်ကျစရိတ်လည်း သိသာစွာသက်သာစေမှာဖြစ်ပါတယ်။

အနာဂတ်မှာလဲ လူလိုက်ပါတဲ့အာကာသခရီးစဉ်တွေနဲ့ နက်နဲတဲ့ အာကာသစမ်းသပ်မှုတွေကိုဦးတည်စေနိုင်မှာဖြစ်ပါတယ်။ ၀န်ကြီးချုပ် Narendra Modi ကလည်း ဒီစွမ်းဆောင်မှု ဟာ နောင်တခေတ် ဒုံးပျံနဲ့ ဂြိုလ်တု လွှတ်တင်နိုင်စွမ်းရှိဖို့ အိန္ဒိယကို ပိုပြီးနီးစပ်လာစေပြီး နိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်တဲ့အကြောင်း Twitter မှာရေးသားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.