မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂) ဦး ဖမ်းဆီးရမိ


ဇွန် ၁၅၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၁၃ ရက် ည ၈ နာရီ တွင် မောင်တောမြို့နယ် ပေါင်းဇားချောင်းဝအနီးသို့ ဝင်ရောက်လာသည့် အလျား ၁၅ ပေ၊ အနံ ၄ ပေခွဲရှိ မသင်္ကာဖွယ် လက်လှော်လှေ တစ်စီးအား စစ်ဆေးခဲ့ရာ တက္ကနပ်ဖ်မြို့နယ် ဇိုင်လာရွာနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နူရ်ကာလောင် ၂၅ နှစ် ပါ (၂) ဦးအား ဖမ်းဆီးရမိခဲ့သည်။


၎င်းတို့ နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေပိုင်နက်အတွင်း ငါးဖမ်းနေရာမှ မြန်မာ့ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြောင်း သိရှိရ၍ ပြင်ဖြူ နယ်မြေရဲစခန်း၌ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.