လုပ်ကြံသူတွေကို ဘယ်လိုဖမ်းမလဲ


// လှမျိုးထွန်း //

ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက်ဆောင် အဝင် ဝ ခရီးသည် အတင်အချ လုပ်သောနေရာ လူမြင်ကွင်းတွင် ရှားရှားပါးပါး လူသတ်မှု ဖြစ်ပွားခဲ့သည်။ နိုင်ငံရေး နှင့် ဆက်နွယ်သော အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်သောကြောင့် ရှားရှားပါးပါး ဟု ဆိုရခြင်းဖြစ်သည်။ သွေးအေးသော လူသတ်သမားက နိုင်ငံတော်၏ ကမ္ဘာ့တံခါးဝတွင် ဦးခေါင်းကိုသေနတ်ဖြင့် နောက်ကြောကနေ တေ့ပစ် သွားခြင်း ဖြစ်သောကြောင့် အရပ်သားများ သေနတ်အသုံးပြုမှု ရှားပါးသော မြန်မာနိုင်ငံသားများ အံ့ဩ၍ မကုန်နိုင်ဖွယ် ဖြစ်ရသည်။ ကိုယ်တိုင်ပစ်သူကို နေရာမှာတင် ဖမ်းမိသည်။ တာဝန်သိ ပြည်သူများ၏ သေနတ်ကိုင် လူသတ်သမားကို လက်နက်မဲ့ အသက်စွန့် ဝိုင်းဝန်းဖမ်း ဆီးမှုကြောင့် အရှင်လက်ရ ဖမ်းမိခဲ့သည်ဆိုက ပိုမှန်မည် ဖြစ်သည်။

ထိုအမှုအတွက် နောက်ဆက်တွဲ ဖမ်းဆီးမှုတွေ လုပ်သည်။ ငွေပေးသူ၊ လူမိုက်ရှာပေးသူ၊ သေနတ်ဝယ်ပေးသူ၊ လမ်းကြောင်း ရှာပေးသူ၊ ကားမောင်းပေးသူ တွေကို ဖမ်းမိကြောင်း သတင်းထုတ်ပြန်သည်။ သို့သော် သတင်းထုတ်ပြန်မှု အဆိုအရ အဓိကကျသော စီမံခန့်ခွဲသူကို ဖမ်းမမိသေးဟု ဆိုသည်။ ထိုသူ၏ဓာတ်ပုံကို ထုတ်ပြန်ပေးသည်။ ဝရမ်းထုတ်သည်။ နယ်စပ်လမ်းကြောင်းတွေ ပိတ်သည်။ အင်တာပိုကို အကြောင်းကြားသည်။ အဖြစ်အပျက်တွေက ၄ လကျော် အချိန်ကြာခဲ့ပြီ။ နေပြည်တော် ပရဆေးဥယျာဉ် အနီးတွင် နောက်ဆုံး မြင်တွေ့လိုက် ရသည် ဆိုသော အရှောင်အတိမ်း အလွန်ကောင်းသည့် ဒုဗိုလ်မှူးကြီး အငြိမ်းစားကို ခုချိန်အထိ ခြေရာခံမရသေး။ အသစ်အသစ်သော လူသတ်မှုတွေ၊ နိုင်ငံရေး လှိုင်းလုံးတွေကြား မှာ ရက်စက်သော နိုင်ငံရေး လူသတ်သမား အကြောင်းက မေ့ပျောက်သလိုပင် ရှိတော့မည်။

လုပ်ကြံခံရသူအတွက် အမှန်တရား ပေါ်ပေါက်အောင် အချိန်မည်မျှ စောင့်ရမည်နည်း။ အပြစ်ရှိသူအဖြစ် စွပ်စွဲခံရသူတစ်ဦးကို ဖမ်းဆီးရမိဖို့ လုံခြုံရေး အဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ အားထုတ်ဖို့လိုသည်။ ၂ဝ၁၇ အတွက် တရားမျှတမှုကို လှောင်ပြောင်နေသလို ရက်စက်သော ရာဇဝတ်မှု တွေက တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေပြန်သည်။ ရှေးခေတ် အစိုးရတွေတုန်းက နိုင်ငံရေးနွယ်သော အမှုတွေကို ဘယ်လိုဖမ်းဆီးသလဲ ပြန်ကြည့်တော့ ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ အစိုးရအဖွဲ့ ဝန်ကြီးတွေ အစုလိုက် သတ်ဖြတ်ခံရသော အမှုအတွက် ဘုရင်ခံအမိန့်ဖြင့် ပြည်ထဲရေးဝန်ကြီးက ဝရုန်းသုန်းကား ဖမ်းဆီးမှုတွေ လုပ်ခဲ့တာကိုတွေ့ ရသည်။ တိုက်ရိုက်ပတ်သက်သော နန်းရင်းဝန်နှင့် ဝန်ကြီးဟောင်း ဦးစော သာမက စစ်မဖြစ်မီ နန်းရင်းဝန်လုပ်ခဲ့သော ဒေါက်တာဘမော်တောင် ပါသည်။ ဖဆပလကို အတိုက်အခံပြုသော လယျာင်္စွန်းနိုင်ငံ ရေး သမားတွေ၊ မျိုးချစ်ပါတီဝင်တွေကို ရာနှင့်ချီ ဖမ်းဆီးစစ်ဆေးခဲ့ပြီးမှ မဆိုင်သူတွေကို ပြန်လွှတ်ပေးခဲ့ ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် အလွန်ဖမ်းချင်သော်လည်း ၉ နှစ်နီးပါး ဖမ်းဆီးလို့မရသော အမှုတစ်ခုလည်း လွတ်လပ်ရေး ခေတ်ဦးတွင် ပေါ်ပေါက်ခဲ့တာကို တွေ့ရသည်။ နိုင်ငံရေးနှင့်နွယ်သော လူ သတ်လုပ်ကြံ မဟုတ်သော်လည်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကို လဘ်စားမှုဖြင့် နာမည်ဖျက်ကာ ဖမ်းဆီး ထောင်ချလိုသော နိုင်ငံရေးလုပ်ကြံမှု ဖြစ်သည်။ တစ်နှစ်မပြည့်သေးသော အစိုးရသက်တမ်းအတွင်း ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တစ်ဦးကို ၎င်း၏ပါတီတွင်းမှပင် အတိုင်အဖောက်ညီညီ လုပ်ကြံခြင်း ဖြစ်သည်။ ဆိုရှယ်လစ်ပါတီ ဥက္ကဌ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးကို ပါတီတွင်း အားပြိုင်နေသော လယျာင်္ယိမ်း ဆိုရှယ် ဒီမိုကရက် အုပ်စုက အခွင့်ကြုံခိုက် အဆင်းတွင်ဘီးတပ်ကာ အစိုးရအဖွဲ့မှထွက်စေ၊ ပါတီခေါင်းဆောင် ရာထူး မှဖယ်ရှားစေ၊ နိုင်ငံရေးသိက္ခာလည်း ကျစေ၊ တရားခံပြေးလည်း ဖြစ်စေ ဟူသော စေတနာဗရပွနှင့် ဝိုင်းဆော် ကြခြင်း ဖြစ်လေသည်။

၁၉၄၈ ဇွန်လတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်သူအား ကုန်သည်များထံက လာဘ်စားပြီး ဒဏ်ငွေလျှော့ရိုက်သည် ဟူသော စွပ်စွဲချက်ပေါ်လာသည်။ ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဝန်ကြီးက ဇူလိုင်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်ထံ ထွက်စာတင်သည်။ စွပ်စွဲသူများ လွတ်လွတ်လပ်လပ် တိုင်ကြားလိုက တိုင်ကြားနိုင်ကြောင်း ရေဒီယိုကနေ ကြေညာရင်း နုတ်ထွက်သွားသည်။

သို့သော် ပါတီတွင်းအားပြိုင်သူများက ထိုမျှနှင့် မကျေနပ်နိုင်ကြပါ။ အခွင့်သာခိုက် ဦးကိုကို ကြီးအား ပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားပြီး နောက်ပိုင်း လဘ်စားသူ တစ်ဦး ဖြစ်အောင် ဆိုရှယ်လစ်ပါတီကပင် စတင်ပုံဖော်ခဲ့သည်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဟောင်းဖြစ်သူ ဦးကိုကိုကြီး လက်ထက် သွင်းကုန်လုပ်ငန်းရှင် ကုမ္ပဏီများအား ဒဏ်ငွေလျှော့ရိုက် ခဲ့သောကြောင့် နိုင်ငံတော် ဘဏ္ဍာငွေ လျှော့ပါး ခဲ့ရသည်များကို ပါတီတွင်း ခေါင်းဆောင်ငယ်တစ်ဦးက တွက်ချက်ပြီး သိန်း ၄ဝ ခန့်ရှိ သည်ဟုဆိုကာ အနာဟောင်းကို ပြန်ဖော်ကြလေတော့သည်။

သိန်း ၄ဝ ဦးကိုကိုကြီးအဖြစ် နာမဝိသေသနပြုကာ လာဘ်ငွေ သိန်း ၄ဝ ကိုပင် ယူသွားသယောင်ဖြင့် ရေးသားပြောဆို ကြသည်။ တကယ်တော့ သိန်း ၄ဝ ဆိုသည်မှာ နိုင်ငံတော်မှ ဒဏ်ကြေးငွေ နစ်နာခြင်းသာ ဖြစ်သည်။ ဦးကိုကိုကြီးက အစိုးရငွေ သိန်း ၄ဝ ကို ယူသွားခြင်းမဟုတ်ပါ။ သို့သော်အဆိုပါ နာမဝိသေသနကို ထပ်ကာတလဲလဲ သုံးစွဲခြင်းဖြင့် အကြောင်းရင်း မသိသော သူများအတွက် ဦးကိုကိုကြီး နိုင်ငံတော် ဘဏ္ဍာငွေ အလွဲသုံးစား လုပ်ခဲ့သည်ဟု ထင်မြင်လာအောင် ဖန်တီးခဲ့ သည်။ အစိုးရအဖွဲ့ကို စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် သတင်းစာများ အားကိုးဖြင့် ဖိအားပေးပြန်သည်။ အမှန်တကယ်တွင် အစိုးရအဖွဲ့မှ ထိုကိစ္စမျိုးအတွက် တာဝန်ရှိသော ပီလေးလုံးအဖွဲ့ (စသုံးလုံးမတိုင်မီက ပေါ်ပေါက်ခဲ့သော ပြည်သူ့ပစ္စည်း ကာကွယ်ရေး ကော်မတီ) Public Property Preservation and Protection Committee ကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးထားပြီးသား ဖြစ်သည်။ ပြသ၁နာစတင်သော ဇွန်လကုန် ပိုင်းကတည်းက သက်ဆိုင်ရာ အတွင်းဝန်ကို ဖမ်းဆီးစစ်ဆေး နေပြီ ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီး ဖြစ်သူက သူမုန်းတီးသော ဝန်ကြီးဟောင်းကို အလွန်ဖမ်းချင်သည်။ သို့သော် ပီလေးလုံး အဖွဲ့က ပြည်ထဲရေးဝန်ကြီး လက်အောက်တွင်မရှိ။ ပီလေးလုံးအဖွဲ့ကလည်း လိုအပ်သော ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေသော အချိန် ဖြစ်သည်။ အတွင်းဝန်နှင့် လက်အောက် ဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေးဆဲသာ ရှိသည်။ ဝန်ကြီးဟောင်းကို တော်တော်နှင့် မဖမ်းနိုင်။ ဆန့်ကျင်သူများကို ဖမ်းဆီးရာတွင် အလွန်လက် သွက်သော ဦးကျော်ငြိမ်းက စိတ်မရှည်နိုင်။ ထိုအချိန် ဇူလိုင်လ ၁၄ ရက်တွင် ထောက်လှမ်းရေး သတင်းတစ်ပုဒ် ဝင်လာသည်။ ဦးကိုကိုကြီး ကာလကတ္တား (အိန္ဒိယ) သို့ လေယာဉ်ပျံနှင့် ထွက်ပြေးတော့မည်ဟူ ၍ဖြစ်၏။ အမှန်က ပီလေးလုံး အဖွဲ့၏ အမှုဖြစ်သော်လည်း နိုင်ငံခြား ရောက်သွားပါက ဖမ်းရခက်မည်စိုး၍ ပြည်ထဲဝန်ကြီးက တယ်လီဖုန်းဖြင့် ရဲမင်းကြီးကို ကိုယ်တိုင်အမိန့်ပေးကာ လေဆိပ်တွင် ဖမ်းခိုင်းလိုက်သည်။

သို့သော် တယ်လီဖုန်းက ပြန်လာသည်။ ဝန်ကြီးအမိန့်ပေးသော အချိန်တွင် လေယာဉ်ပျံက ထွက်သွားပြီဟူ၍ ဖြစ်သည်။ ရိုးမကိုလွန်၍ ဘင်္ဂလား ပင်လယ်ထဲကိုပင် ရောက်နေလေပြီ။ ပါတီတွင်း ပြိုင်ဖက်ကို ဒီအချိန်မှ မဖမ်းနိုင်ရင် နောက်ဘယ်တော့မှ မိတော့မှာမဟုတ်။ ဝန်ကြီးဦးကျော်ငြိမ်း က စိတ်ကြီးသည်။ လေယာဉ်ပျံကို ဝါယာလက်စက်ဖြင့် ပြန်လှည့်ခိုင်းခဲ့ သည်။ လမ်းတစ်ဝက်က လှည့်ပြန်ခဲ့ရသော လေယာဉ်ပျံကို မင်္ဂလာဒုံလေ ဆိပ်တွင် ရဲတွေဖြင့် တက်ရှာသည်။ ဦးကိုကိုကြီးဆိုသော ခရီးသည် ကိုတော့ တွေ့ပါပြီ။ သို့သော် ဆိုရှယ်လစ်ဝန်ကြီးဟောင်း ဦးကိုကိုကြီး မဟုတ်။ အခြားဦးကိုကိုကြီး အမည်တူဖြစ်နေသည်။ အကျိုးဆက်အဖြစ် လေယာဉ်ပျံကုမ္ပဏီနှင့် စကားအကြီးအကျယ် များခဲ့ရကြောင်း ၁၉၅ဝ ဖေဖော်ရီလ ၁၆ ရက် ပါလီမန် အစည်းအဝေးမှာ ဦးကိုကိုကြီး သိန်းလေးဆယ်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် ထည့်သွင်း ပြောဆိုခဲ့တာကို တွေ့ရသည်။

ပြည်ထဲရေးဝန်ကြီး တစ်ဦးအနေဖြင့် ဖမ်းချင်ရင် လေယာဉ်ပျံနဲ့ ထွက်ပြေး သွားတာကိုတောင် ပြန်လှည့်ခိုင်းပြီး ဖမ်းနိုင်သည့် အခွင့်အာဏာ ရှိကြောင်း လွတ်လပ်ရေးခေတ်ဦးက ဆိုရှယ်လစ်ပါတီတွင်း သိန်းလေး ဆယ် သမုတ်ကာ နိုင်ငံရေးလုပ်ကြံမှု အကြောင်း တင်ပြလိုက်ရပါသည်။ သို့သော် ဦးကိုကိုကြီးအား ပြည်ထဲရေးဝန်ကြီးက ဖမ်းမမိခဲ့ပါ။ တောခိုသလိုလို သူပုန်နဲ့ပေါင်းသလိုလို ကောလာဟလသာ ထွက်ပြီး ဦးကိုကိုကြီး နိုင်ငံရေးလောကမှ ပျောက်ကွယ် သွားခဲ့သည်။ ၉ နှစ်နီးပါးကြာ ချိန် ၁၉၅၇ ဖဆပလ နှစ်ခြမ်းကွဲ ခါနီးမှ တပ်မတော် ထောက်လှမ်းရေးက ဖမ်းမိတော့သည်။ ရန်ကုန်မြို့ပေါ်မှာတင် ဦးကိုကိုကြီး ခိုအောင်းနေခြင်း ဖြစ်သည်။ အခြားသူ တစ်ဦးအား ဖမ်းဆီးဖို့ ဘောက်ထော် ကျောက်ကုန်းရှိ အိမ်တစ်အိမ်ကို ဝင်စီးရင်းမှ မထင်မှတ်ဘဲ ဦးကိုကိုကြီးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

တပ်မတော် ထောက်လှမ်းရေးက ဖမ်းဆီးမိသော ဝန်ကြီးဟောင်း ဦးကိုကိုကြီးကို အစိုးရထံ အပ်သည်။ အမှန်က ဦးကိုကိုကြီး၏ သိန်း ၄ဝ ကိစ္စဆိုတာ မဟုတ်ကြောင်း အစိုးရက ရှင်းလင်းချက် ထုတ်ပြန် ပြီးဖြစ် သည်။ အမှန်တကယ် နိုင်ငံတော်က နစ်နာသောငွေမှာ ၁၇ သိန်းခွဲသာ ဖြစ်ကြောင်း။ သွင်းကုန်လုပ်ငန်း ရှင်များကို ရုံးတင်စစ်ဆေးပြီး မူလ အတိုင်း ဒဏ်ကြေးကို ပြန်လည်ပေးသွင်းဖို့ အမိန့်ချမှတ်နိုင်ကြောင်း၊ ဤ နည်းဖြင့် နစ်နာငွေများကို နိုင်ငံတော်မှ ပြန်လည်ရရှိနိုင်စရာ ရှိကြောင်းကို ဝန်ကြီးချုပ်လုပ်သူ ကိုယ်တိုင် ၁၉၅ဝ ခုနှစ် ပါလီမန်မေးခွန်းတွင် ရှင်းလင်းပြီး ဖြစ်သည်။

နောက် ၇ နှစ်အကြာ ဦးကိုကိုကြီးကို ဖမ်းမိသော အခါ၌ ၆ လအထိ အဆက်မပြတ် အပြစ် ပေးနိုင်သည့် ရုံးတင်တရားစွဲစရာ မလိုသော ပုဒ်မ ၅ ဖြင့်သာ ဖမ်းဆီးခဲ့သည်။ ထောင်တွင်းမှာပင် ပုဒ်မ ၅ ဖြင့် အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ရာ စစ်တပ်က အာဏာသိမ်းသည့် အိမ်စောင့်အစိုးရ လက်ထက်မှာမှ ပြန်လွတ်လာတော့သည်။ ဦးကိုကိုကြီးကို နိုင်ငံရေး လောကမှာ မမြင်ရ မတွေ့ရတော့သော်လည်း လုပ်ဖော်ကိုင်ဖက်များ၏ ဆိုရှယ်လစ်ပါတီ တွင်း ညစ်ပတ်မှုကြောင့် နှစ်ပေါင်းများစွာ ကြာသည် အထိ သိန်းလေးဆယ် ဦးကိုကိုကြီး အဖြစ် နာမည်ဖျက်ခြင်းကို ခံခဲ့ရရှာသည်။

ကွန်မြူနစ်၊ ဆိုရှယ်လစ် သဘောတရားရေးတွင် သခင်စိုးနှင့် တန်းတူ ဟောနိုင်၊ ပြောနိုင်၊ သင်ကြားပေးနိုင်သော ဦးကိုကိုကြီး နိုင်ငံရေးလောက မှ ပျောက်ကွယ်သွားရခြင်းသည် တောခိုကွန်မြူနစ်များ အတွက် သဘော တရားရေးရာ ပြိုင်ဖက်ကင်းစေပြီး ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ရဲဘော်ဖြူများကို ပြန်လည်စည်းရုံးဖို့ အင်အားနည်းပါး သွားစေသည်။ ဖဆပလအဖွဲ့အတွင်း ဆိုရှယ်ဒီမိုကရက် ခေါင်းဆောင် ဦးကျော်ငြိမ်းနှင့် ဆိုရှယ်လစ် ဦးဗဆွေတို့ ပေါင်းစည်းမိသွားပြီး ဆိုရှယ်လစ်ပါတီ အစွဲပြင်းထန်လာကာ နောက်ဆုံးတွင် ဖဆပလ အဖွဲ့ချုပ် ၂ ခြမ်းကွဲတော့ သည်။ စစ်အာဏာသိမ်းဖို့ အမြဲတမ်း ချောင်းမြောင်းနေ လေ့ရှိသော ဆိုရှယ်လစ်တပ်မှူးကြီး ဗိုလ်နေဝင်းအတွက် အချိန်အခါ ကောင်းပေးသလို ဖြစ်သွားပါတော့သည်။

လှမျိုးထွန်း
The Ladies News

COMMENTS

Name

art,1,article,1303,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7359,interview,220,knowledge,8,Live,8,LocalNews,15726,news,2842,opinion,765,photos,203,poem,116,satires,39,song,12,speech,12,sports,141,statement,59,technic,56,translate,34,video,1068,voice,76,
ltr
item
dawnmanhon: လုပ်ကြံသူတွေကို ဘယ်လိုဖမ်းမလဲ
လုပ်ကြံသူတွေကို ဘယ်လိုဖမ်းမလဲ
https://1.bp.blogspot.com/-09LfOt9CJo0/WTV8XoapLDI/AAAAAAAAcds/ZYRO74kJMQsPHxCZATllSqVMKZ2kdS4KACLcB/s400/q1.jpg
https://1.bp.blogspot.com/-09LfOt9CJo0/WTV8XoapLDI/AAAAAAAAcds/ZYRO74kJMQsPHxCZATllSqVMKZ2kdS4KACLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/06/blog-post_173.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/06/blog-post_173.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy