ဗြိတိန်ရွေးကောက်ပွဲရလဒ် စတင်ရေတွက်

အထွေထွေရွေးကောက်ပွဲရဲ့ မဲများရေတွက်စဉ်
ဗြိတိန်နိုင်ငံမှာ ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရဲ့ မဲရလာဒ်တွေကို စတင်ရေတွက်နေပါပြီ။

မဲပေးခဲ့သူတွေကိုကောက်ခံတဲ့ စစ်တမ်းတွေအရတော့ ဘယ်ပါတီကမှ အပြတ်အသတ်အနိုင်ရမယ့်ပုံ မရှိပါဘူး။ စစ်တမ်းတွေအရ လက်ရှိအာဏာရ Conservative ပါတီက အမတ်နေရာ ၃၁၄ နေရာ၊ Labour ပါတီက ၂၆၆ နေရာရမယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။

အထက်နဲ့အောက်လွှတ်တော်အမတ်နေရာ စုစုပေါင်း ၆၅၀ ကိုရွေးချယ်တဲ့ ရွေးကောက်ပွဲမှာ ပါတီတခုက အများစုလွှမ်းမိုးနိုင်ဖို့အတွက် အမတ်နေရာ ၃၂၆ နေရာ အနိုင်ရဖို့လိုပါတယ်။

Conservative ပါတီအနေနဲ့ လွှတ်တော်မှာ အကြီးဆုံးပါတီဖြစ်ပေမယ့် အမတ်နေရာအများဆုံးရတဲ့ပါတီတော့ ဖြစ်မယ့်ပုံ မရပါဘူး။ EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ဖို့ ပြင်ဆင်နေချိန်မှာ လက်ရှိဝန်ကြီးချုပ် Theresa May က အထွေထွေရွေးကောက်ပွဲကို အချိန်စောပြီးကျင်းပခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ရက်ပိုင်းအလိုမှာ လန်ဒန်မြို့တော်နဲ့ Manchester မြို့တွေမှာ အကြမ်းဖက်ဝါဒီတွေရဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး စုစုပေါင်း ၃၀ သေဆုံးခဲ့တာကြောင့် မဲဆန္ဒရှင်တော်တော်များများအတွက် လုံခြုံရေးကိစ္စက ဦးစားပေးစဉ်းစားစရာဖြစ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.