ငါးမန်း သတ်ဖြတ်မှု ချက်ခြင်းရပ် ချက်ခြင်းရပ်


ငါးမန်းတွေသတ်ဖြတ်စားသောက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဟောင်ကောင်က ငါးမန်းတောင်ဟင်းချိုရောင်းချတဲ့ နာမည်ကျော်စားသောက်ဆိုင်တခုရှေ့မှာ လူ ၃ဝ ခန့် မနေ့က ဆန္ဒပြခဲ့ပါတယ်။ အဲဒီ ငါးမန်းအခွင့်အရေး လှုပ်ရှားသူတွေက ဆူးတောင်မပါပဲ သွေးကွက်စွန်းနေတဲ့ ငါးမန်းဝတ်စုံတွေကို ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြတာပါ။ သူတို့က ငါးမန်းဝတ်စုံတွေကနေ ဖြတ်ထားတဲ့ ဆူးတောင်တွေကိုလည်း စားသောက်ဆိုင်ရှေ့ တန်းစီနေသူတွေ အနားမှာ သွားပြီးပစ်ချခဲ့ကြပါတယ်။

ဆန္ဒပြသူအများစုက ကလေးသူငယ်တွေဖြစ်ပြီး ငါးမန်းတွေကို ဆူးတောင်အတွက် သတ်ဖြတ်နေတာဟာ အကြင်နာကင်းမဲ့လွန်းပါတယ်။ ဝယ်မယ့်သူမရှိရင် သတ်ဖြတ်မယ့်သူတွေလည်း ရှိမှာ မဟုတ်ပါဖူးလို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြခံရတဲ့ စားသောက်ဆိုင်ပိုင်ရှင်က သူတို့ဆိုင်ကဟင်းချိုလုပ်တဲ့ ငါးမန်းတွေဟာ သိပ်ပြီးရှားပါးတဲ့ အမျိုးအစား မဟုတ်ပါဖူး။ ဒါ့အပြင် တခြားအစားထိုးဟင်းလျာတွေကို ၂ဝ၁ဝ ခုနှစ်မှာ စတင်ရောင်းချခဲ့ပြီးနောက်ပိုင်း ငါးမန်းတောင်ဟင်းချို စားသုံးမှုလည်း အများကြီး လျှော့နည်းသွားပါပြီလို့ ပြောပါတယ်။

ကမ္ဘာ့ သဘာဝ တောရိုင်းဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ WWF ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတဝှမ်းမှာ နှစ်စဉ် ငါးမန်းကောင်ရေ သန်း ၇ဝ ကျော်ကို သတ်ဖြတ်ပြီး ဟောင်ကောင်နဲ့ တရုတ်ပြည်က စားသောက်ဆိုင်တွေကို တင်ပို့နေတယ်လို့ သိရပါတယ်။
RFA
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.