မြေအောက်မြို့တော် ဖန်တီးမယ်လို့ မြို့တော်ဝန် ပြော



( နောက်ဖေးလမ်းကြားဥယျာဉ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့က ကျောက်တံတားမြို့နယ် ၃၉ လမ်း နောက်ဖေးလမ်းကြားမှာ ကျင်းပစဉ် ) Photo: Aung Thain Kha/ RFA
ရန်ကုန်မြို့တွင်းက လမ်းမကြီးတွေရဲ့ အောက်မှာ နေချင်စဖွယ် မြေအောက်မြို့တော် ဖန်တီးမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက် မွေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ ဒီနေ့ ကျင်းပတဲ့ နောက်ဖေးလမ်းကြားဥယျာဉ် ဖွင့်ပွဲအခမ်းအနားမှာ မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောတာ ဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ် ၃၉ လမ်း နောက်ဖေးလမ်းကြားမှာ လမ်းကြားဥယျာဉ် ဖွင့်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

မြို့တော်ဝန်က သူ့အနေနဲ့ ရန်ကုန်တိုင်း မြို့တော်ဝန်အဖြစ် တာဝန်ယူဆောင်ရွက် နေချိန်အတွင်း လူတစ်စုအတွက် စဉ်းစားမှာမဟုတ်ဘဲ လူထုအတွက် စဉ်းစားပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်း စည်ပင်သာယာကော်မတီဟာ နောက်လိုက် အစေခံသာ ဖြစ်ပြီး ပြည်သူလူထု အနေနဲ့ ဦးဆောင် လုပ်ကိုင်ပေးပါက စည်ပင်သာယာရေး ကော်မတီ အနေနဲ့ ဖြည့်ဆည်းပေးသွားမယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.